
ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့များ အခြေပြုရာ နေရာများကို တပ်မတော်က ရှင်းလင်းဆောင်ရွက်ရာမှာ ထိရောက်မှု ရှိလာပါတယ်။ စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့်လည်း AA အကြမ်းဖက်အဖွဲ့က ဒေသခံပြည်သူတွေ ဘယ်မှထွက်ခွင့်မပေးဘဲ သူတို့ထဲမှာ စစ်မှုထမ်းဖို့ အဓမ္မစည်းရုံးမှုတွေ ရှိလာပါတယ်။
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော် တို့မှာ ရှိနေတဲ့ AA အကြမ်းဖက်သမား အခြေပြုရာ နေရာများကို တပ်မတော်က လေကြောင်းက ထိရောက်စွာ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
၄၉၂၆ စစ်ဆင်ရေး အစောပိုင်းရက်တွေမှာတော့ တပ်မတော်က လေကြောင်းတိုက်ခိုက်လို့ အပြစ်မဲ့ ပြည်သူ ဘယ်နှဦး ထိခိုက်သေဆုံးရပါတယ်ဆိုပြီး AA အကြမ်းဖက်အဖွဲ့က ထုတ်ပြန်သလို ရခီးမီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖြန့်ဝေကြပါတယ်။
တပ်မတော်ရဲ့ ၄၉၂၆ စစ်ဆင်ရေး ကြာလာတာနဲ့အမျှ သူတို့ဘက်က သေစာရင်းကိုပဲ ထုတ်ပြန်တာမျိုး မဟုတ်တော့ဘဲ AA အကြမ်းဖက်အဖွဲ့ကပဲ အောင်ပွဲခံနေသလိုလို ပုံစံပြောင်းပြီး ဝါဒဖြန့်တာမျိုးကို တွေ့လာရပါတယ်။
NUG အကြမ်းဖက်အဖွဲ့ရဲ့ လှုံ့ဆော်စာမျက်နှာတစ်ခုဖြစ်တဲ့ People's Spring ဆိုတဲ့ စာမျက်နှာမှာ "ငပြီကျွန်းပေါ်က စစ်တပ်ရဲ့ လက်ကျန်စစ်သားအားလုံးနီးပါး လက်နက်ချ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ကြံဖန်တီးရေးသား ဖော်ပြထားတာကိုတွေ့ရပါတယ်။ သူ့တို့ရဲ့ အလိုအရ ငပြီကျွန်းပေါ်တိုက်ပွဲတွေမှာ စစ်တပ်က ၁၀၀ ကျော်သေဆုံးပြီး (၅၀)ထက်မနည်းလက်နက်ချ တယ်ဆိုပြီး ဝါဒဖြန့်ထားတာကို တွေ့ရပါတယ်။
စစ်တွေမြို့အရှေ့ဘက် ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပြီးကျန်နေတဲ့ စစ်တပ်ရဲ့ လက်ကျန်စစ်သားအားလုံးနီးပါးလက်နက်ချ အညံခံလိုက်ပြီ၊ အောက်တိုဘာ ၇ ရက်န့ကတည်းက ကြည်း၊ ရေ၊ လေအင်အားအလုံးအရင်းသုံးကာ ကမ်းတက်နိုင်ခဲ့တဲ့စစ်တပ်သားတွေကို AA ကတိုက်ခိုက်ခဲ့တာကြောင့် ဆယ်နဲ့ချီသေဆုံးပြီး၊ ဆယ်နဲ့ချီလက်နက်ချခဲ့သလို နောက်ဆုံးကျန်နေတဲ့ စစ်သားတွေကို AA ကတိုက်ခိုက်တာမှာလက်နက်ချကြတာဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေရဲ့ စိတ်ကူးယဉ်ရေးသားမှုအရဆိုရင်တော့ AA အစွမ်း အံ့မခန်းပေါ့၊ AA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်နိုင်စွမ်းအား ကြီးမားလှပါပေတယ်ပေါ့။
AA အကြမ်းဖက်အဖွဲ့ရဲ့ အစွမ်း အံ့မခန်းက AA info Desk ထဲမှာ၊ ရခီးမီဒီယာတွေမှာ၊ ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာသာ အံ့မခန်း အခြေအနေဖြစ်နေတာပါ။ ငပြီကျွန်းမှာ AA အကြမ်းဖက်အဖွဲ့ အမြစ်ပြတ်သွားပြီ။ အဲဒါကြောင့်လည်း ရခီး AA အကြမ်းဖက်သမားတွေက စစ်တွေမြို့ထဲကို ပစ်ခတ်တိုက်ခိုက်ပြီး ရခိုင်လူမျိုးကိုပါ သေကြောင်းကြံသည်အထိ လုပ်ဆောင်လာတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ယနေ့ ထပ်မံကြားသိရတဲ့ သတင်းအရ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော် တို့မှာ ရှိနေတဲ့ AA အကြမ်းဖက်သမားတွေကို ဆက်လက်နှိမ်နင်းနေခြင်းကြောင့် တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ရခိုင်ပြည်သူတွေအတွက် AA အကြမ်းဖက်သမားတွေရဲ့ ဘေးအန္တရာယ်ကနေ မကြာမီ ကင်းလွတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်တဲ့ အညာ ပဒက်တွေက ကျဆုံးပဒက်တွေအတွက် ဂုဏ်ဆာပြီး အုတ်ဂူနီနီလေးတွေ လုပ်ပေးခဲ့ကြသေးတယ်။ AA အကြမ်းဖက်အဖွဲ့က ရခီးထွန်းမြတ်နိုင်၊ ရခီးခံသုခ တို့မှာတော့ ကျဆုံး AA အကြမ်းဖက်သမားတွေရဲ့ စာရင်းမှန်ကို ထုတ်ဖော်မပြောရဲဘူး။ နီပိန်း ပဒက်တွေလောက်တောင် အသိအမှတ်ပြုခြင်း မခံရဘူး။ သေတဲ့ AA အကြမ်းဖက်သမားတွေဆိုသည်မှာလည်း မြစ်ထဲ၊ ချောင်းထဲ၊ လယ်ကွင်းထဲ သေကြတာဆိုတော့ ငါးစာကျွေးခံရတဲ့ သဘောမျိုး ဖြစ်ခဲ့ပါတယ်။
ရခီးထွန်းမြတ်နိုင်၊ ရခီးခံသုခ တို့ကတော့ အာချောင်တဲ့ တစ်လိုင်းပဲ။ သူတို့မိသားစုတွေကတော့ NUG က ကောင်တွေလိုပဲ ပြည်ပကို ပို့ထားပြီးပြီ။ သူတို့အတွက် ရခိုင်ပြည်သူတွေ သေပွဲဝင်ပေးကြတဲ့။ စောက်ရမ်းကို လေးစားအားကျလောက်တဲ့ ခေါင်းဆောင်တွေ။ NUG က ဟာတွေဆိုရင်လည်း သူတို့မိသားစု ယမ်းငွေ့မသမ်းစေရဘူး။ ရခီးထွန်းမြတ်နိုင်တို့ကလည်း အဲဒီလိုပဲ။ အဲဒီလို တစ်ကိုယ်ကောင်းသမားတွေအတွက် ပြည်သူတွေက သေပွဲဝင်ပေးနေကြတာ - စဉ်းစားကြပါ။ အဲဒီလို ကောင်တွေ ခေါင်းဆောင်ဖြစ်လာတော့ရော ခင်ဗျားတို့အတွက် ဘာတွေ ထူးခြားလာမှာလဲ။ ခင်ဗျားတို့ ဘဝတွေဟာ အသုံးချခံက အသုံးချခံပါပဲ။
ဒါက ပြည်ပြေး တွေ လေလှိုင်းပေါ် ဝါဒဖြန့်နေတာနဲ့ ဆက်စပ်လို့ ပြန်လည်တင်ပြခြင်းပါ။ ရခိုင်ပြည်နယ်ထဲ မြေပြင်အခြေအနေမှာ AA မရှုမလှသေပြီး ခွေးပြေးပြေးနေရပါတယ်။ အွန်လိုင်းပေါ်မှာကတော့ စိတ်ကူးထဲရှိသလို ဖန်တီးရေးသားဖြန့်ဝေ ဝါဒဖြန့်ရတာ ဖြစ်တဲ့အတွက် AA က အသာစီးရနေသလိုလို ဘာလိုလိုပေါ့။
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ မြန်မာ့မြေပေါ်ရှိ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်အဖွဲ့များ အမြန်ဆုံး ပပျောက်ပါစေ။ AA အကြမ်းဖက်အဖွဲ့ကို အမြစ်ပြတ် ခြေမှုန်းသုတ်သင်လျက်ရှိသော တပ်မတော်သားများ AA အကြမ်းဖက်အဖွဲ့ကို အောင်မြင်စွာ နှိမ်နင်းပြီး ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ကြပါစေ။
#News #Myanmar