
ဂျိုဟန်းနက်စ်ဘာ့ဂ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
ကုန်သွယ်ရေးသည် အာဖရိက-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော မဏ္ဍိုင်တစ်ခုအဖြစ် ကာလရှည်ကြာ တည်ရှိခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယင်း၏ အလွန်ကြီးမားသော ပြည်တွင်းဈေးကွက်ကို ဆက်လက်ဖွင့်လှစ်ပေးလျက်ရှိသည်နှင့်အမျှ အာဖရိကနိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများသည်လည်း ယင်းတို့၏ ထုတ်ကုန်များကို တရုတ်စားသုံးသူများထံ တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်း ပိုမိုရရှိလာကြသည်။
တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် အာဖရိကနိုင်ငံ ၅၃ နိုင်ငံမှ တင်ပို့သော ထုတ်ကုန်များအပေါ် မေ ၁ ရက်မှစ၍ အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အာဖရိက လယ်ယာထွက်ကုန်များအတွက် အစိမ်းရောင်လမ်းကြောင်းများ ဖန်တီးပေးခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ်များ လျှော့ချရန် အာဖရိက ငွေကြေးအဖွဲ့အစည်းများက တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ငွေပေးချေမှုစနစ် (CIPS) ပိုမိုတွင်ကျယ်စွာ သုံးစွဲလာခြင်းတို့ အပါအဝင် အစီအမံများစွာသည် ထိုအခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်သော ဈေးကွက်ဝင်ရောက်ခွင့်အဖြစ် ပြောင်းလဲရာတွင် အထောက်အကူပေးလျက်ရှိသည်။
အဆိုပါ အစီအမံများသည် အာဖရိက၏ ပို့ကုန်တင်ပို့နိုင်စွမ်းနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကာ အာဖရိကတိုက်နှင့် ပိုမိုပွင့်လင်း၍ အားလုံးပါဝင်နိုင်သော၊ ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးသော ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေး ဖော်ဆောင်မည်ဟူသော တရုတ်နိုင်ငံ၏ ကတိကဝတ်ကို ပြသလျက်ရှိသည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဝယ်လက်များကို ရှာဖွေနိုင်မှသာလျှင် ဈေးကွက်ထိုးဖောက်ဝင်ရောက်မှုမှာ အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ သို့ဖြစ်၍ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် အာဖရိက ပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုမိုအရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။
သွင်းကုန်များအတွက် သီးသန့်ရည်ရွယ်သည့် ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် ကုန်စည်ပြပွဲအဖြစ် ၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် CIIE ပြပွဲသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုကို ပိုမိုချဲ့ထွင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအား ယင်း၏ အလွန်ကြီးမားသော ဈေးကွက်ထဲသို့ ဝင်ရောက်ခွင့်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
၉ ကြိမ်မြောက် CIIE ပြပွဲကို ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများမှာ အခြေခံအားဖြင့် ပြီးစီးနေပြီဖြစ်သည်။ အဆိုပါပြပွဲတွင် နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၆၂ ခု ပါဝင်မည်ဖြစ်ပြီး ပြည်ပကုမ္ပဏီပေါင်း ၄,၁၄၂ ခုကလည်း လာရောက်ပြသမည်ဖြစ်သည်။
သို့သော် အာဖရိက ပို့ကုန်လုပ်ငန်းရှင်များအတွက် CIIE ပြပွဲမှာ ပြပွဲ၏ ကြီးမားကျယ်ပြန့်မှု အတိုင်းအတာအရသာ အရေးပါနေခြင်းမဟုတ်ဘဲ အတော်အတန် သေးငယ်သော စီးပွားရေးလုပ်ငန်းများကို ရောက်ရှိရန် ခက်ခဲနိုင်သည့် ဈေးကွက်တစ်ခုနှင့် ချိတ်ဆက်ပေးနိုင်စွမ်းအရလည်း အရေးပါနေခြင်းဖြစ်သည်။
ဇမ်ဘီယာနိုင်ငံထွက်ပျားရည်၊ နိုင်ဂျီးရီးယားနိုင်ငံထွက် သီဟိုဠ်စေ့၊ ဘီနင်နိုင်ငံထွက် နာနတ်သီးနှင့် ကင်ညာနိုင်ငံထွက် ပန်းများသည် CIIE ပြပွဲမှတစ်ဆင့် တရုတ်ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြပြီး ဈေးကွက်ဝေစု ရရှိခဲ့ကြသည်။ တောင်အာဖရိကနိုင်ငံမှ ရူးဘော့စ်လက်ဖက်ရည်၊ ဝိုင်၊ ထောပတ်သီးနှင့် လက်ဝတ်ရတနာ တင်ပို့သူများသည်လည်း ယခင်ကျင်းပခဲ့သည့် ပြပွဲများတွင် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261030/e0aa0bad4c4048a4ba6d2df58857af95/c.html


..................................
(English Version)
China International Import Expo widens gateway for African products to Chinese market
Trade has long been an important pillar of Africa-China cooperation. As China continues to open its vast domestic market, African countries and businesses are gaining more opportunities to bring their products to Chinese consumers.
A series of measures is helping turn these opportunities into greater market access, including the zero-tariff treatment for products from 53 African countries that have diplomatic relations with China from May 1, the establishment of green channels for African agricultural products, and wider use of China's Cross-Border Interbank Payment System, or CIPS, by African financial institutions to lower trade transaction costs.
Such measures are designed to strengthen Africa's export capacity and competitiveness while demonstrating China's commitment to a more open, inclusive and development-oriented trade relationship with the continent.
Meanwhile, market access is meaningful only when businesses can find buyers. This makes the China International Import Expo (CIIE) an increasingly important platform for African exporters.
Launched in 2018 as the world's first national-level expo dedicated to imports, the CIIE was designed to expand China's opening-up and turn its vast market into a shared opportunity for the world.
The ninth CIIE will be held in Shanghai from Nov. 5 to 10. Preparations are basically complete. A total of 162 countries, regions and international organizations will take part, with 4,142 overseas companies exhibiting.
For African exporters, however, the significance of the CIIE lies not simply in its size, but in its ability to connect relatively small businesses with a market that may otherwise be difficult to reach.
Zambian honey, Nigerian cashew nuts, Beninese pineapples and Kenyan flowers have all made breakthroughs and secured markets in China through the CIIE. South African exporters of rooibos tea, wine, avocados, and jewelry have also secured contracts at previous editions of the expo.
https://english.news.cn/20261030/e0aa0bad4c4048a4ba6d2df58857af95/c.html
Photo caption 1: A ceremony marking the arrival of the first batch of exhibits for the upcoming 9th China International Import Expo (CIIE) is held at the National Exhibition and Convention Center (Shanghai), the main venue for the CIIE, in east China's Shanghai, Oct. 26, 2026. (Xinhua/Fang Zhe)
Photo caption 2: An exhibitor shows fans and moisturizing lotion from Ghana at the Food and Agricultural Products exhibition area during the eighth China International Import Expo in east China's Shanghai, Nov. 7, 2025. (Xinhua/Fang Zhe)