Xinhua Myanmar

မြန်မာနိုင်ငံ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို၏ ၇၃ နှစ်ပြည့်မွေးနေ့ကို သစ်သီးကိတ်ခွဲကာ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ နာမည်ကျော် ဆင်မကြီး မိုမို၏ ၇၃ နှစ်မြောက် မွေးနေ့ပွဲအား နိုဝင်ဘာ ၁ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည်။  

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုက ဧည့်ပရိသတ်များနှင့်အတူ သစ်သီးမွေးနေ့ကိတ်ခွဲခဲ့ကာ မိုမိုကို ချစ်ခင်သူများကလည်း မွေးနေ့အမှတ်တရအဖြစ် ပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့ကြသည်။ မိုမိုသည် ၁၉၆၁ ခုနှစ်က အသက် ၇ နှစ်အရွယ်တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar