Xinhua Myanmar

တရုတ်နိုင်ငံတောင်ပိုင်း ဝေကျိုးကျွန်းအနီး ဘရိုက်ဒ်ဝေလငါး ၆ ကောင် အစာအတူရှာဖွေစားသောက်နေသည့် ရှားပါးဗီဒီယိုမှတ်တမ်း ထွက်ပေါ်

ပေဟိုင်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပေဟိုင်မြို့ ဝေကျိုးကျွန်းအနီး ပင်လယ်ပြင်တွင် ဘရိုက်ဒ်ဝေလငါး ၆ ကောင် အတူတကွ အစာရှာဖွေစားသောက်နေကြသည်ကို ရှားပါးဗီဒီယိုမှတ်တမ်းတစ်ခု၌ ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်များအတွင်း ယင်းရေပြင်များတွင် ဝေလငါး အကောင်ရေ ၇၀ ကျော် ခြေရာခံလေ့လာတွေ့ရှိထားခဲ့ပြီး ယင်းဒေသသည် ကမ္ဘာပေါ်တွင် အဆိုပါ ဝေလငါးမျိုးစိတ်၏ ကမ်းလွန်ကျက်စားရာ အကောင်ရေပမာဏ အများဆုံး ဒေသများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(English Version)

Rare footage shows 6 Bryde's whales feeding off Weizhou Island, south China

Rare footage captures 6 Bryde's whales feeding together off Weizhou Island, south China. With over 70 individual whales tracked in these waters over the years, it's home to one of the largest known coastal populations of its kind in the world.

မူရင်းသတင်း — Xinhua Myanmar