ရန်ကုန် နိုဝင်ဘာ ၁
၂၀၂၆ MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၆)ကို နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံး ကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။
ပွဲစဉ်(၁၆)တွင် Pacific Sun Far အသင်းက ဘူရှိဒိုအသင်းကို ကိုးဂိုး- ငါးဂိုး၊ FFU မင်းမဟော်အသင်းက Jullniss အသင်းကို ခြောက်ဂိုး - သုံးဂိုး၊ SGF Youth အသင်းက United City အသင်းကို လေးဂိုး - ဂိုးမရှိ၊ Victoria အသင်းက Mahar Burma အသင်းကို ခြောက်ဂိုး - သုံးဂိုးဖြင့်အနိုင်ရရှိပြီး Avengers Junior အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်း သုံးဂိုးစီ သရေ၊ မာရိန်းအသင်းနှင့် TKA Star အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။
ပွဲစဉ်(၁၆)အပြီးတွင် Victoria နှင့် SGF Youth အသင်းတို့ ၄၁ မှတ်စီ၊ Mahar Burma အသင်းက ၃၁ မှတ်၊ FFU မင်းမဟော်အသင်းနှင့် Pacific Sun Far အသင်းက ၂၉ မှတ်စီ၊ United City အသင်းနှင့် Avengers Junior အသင်းက ၂၄ မှတ်၊ Jullniss အသင်းက ၂၁ မှတ်၊ TKA Star အသင်းက ၁၉ မှတ်၊ ဘူရှီဒိုအသင်းက ၁၀ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းနှင့် မာရိန်းအသင်းက လေးမှတ်စီရရှိ ထားသည်။
သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - MFF