
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ဂရီမီယိုအသင်းသည် နိုဝင်ဘာ ၁ ရက်တွင်ကစားခဲ့သည့် ကိုပါဒိုဘရာဇီးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အက်သလက်တီကိုမင်နဲရိုး အသင်းကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် ခြေတစ်လှမ်း နီးစပ်လာခဲ့သည်။
ကာလို့စ်ဗင်နီစီးယပ်စ်က အဝေးကန်ချက်ဖြင့် ပထမဂိုးစတင်သွင်းယူခဲ့ပြီး ယာအိုပက်ဒရို ဖြတ်တင်ဘောမှတစ်ဆင့် အဲရစ်နိုရီယာဂါ က ဘောလုံးကို တစ်ချက်တည်း အပြင်းကန်သွင်းကာ ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့သည်။
ပွဲပြီးခါနီး ၉၅ မိနစ်တွင် သောမတ်စ်ကွေလိုကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သောကြောင့် ဂူစတာဗိုမာတင် ဒုတိယအကြိမ်အဝါကတ်ပြသခံရပြီး အိမ်ရှင်ဂရီမီယိုအသင်းသည် ကစားသမား ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။
အဆုံးအဖြတ်ဖြစ်စေမည့် ဒုတိယအကျော့ပွဲစဉ်ကို လာမည့် နိုဝင်ဘာ ၇ ရက်တွင် အက်သလက်တီကိုအသင်း၏ အိမ်ကွင်းဖြစ်သည့် Belo Horizonte မြို့ရှိ အရီနာ MRV ကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။
နိုဝင်ဘာ ၁ ရက်တွင် ကစားခဲ့သည့် အခြားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်၌ ပါလ်မီးရပ်စ်အသင်းက ပွဲချိန်ပထမပိုင်း၌ မော်ရီစီယို သွင်းယူခဲ့သည့် တစ်လုံးတည်းသောအနိုင်ဂိုးဖြင့် ဗာစကိုဒဂါးမား အသင်းကို ၁-၀ ဂိုးဖြင့် အိမ်ကွင်း၌ အနိုင်ရရှိခဲ့သည်။
ဧည့်သည်အသင်း၏ ချေပဂိုးရရှိရန်မျှော်လင့်ချက်သည် ပွဲချိန် ၇၇ မိနစ်တွင် ဗစ်တာရီုကီကို အလျင်စလို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သည့် ဥရုဂွေးနောက်ခံလူ အလန်ဆယ်လ်ဒီဗီးယား ဒုတိယအဝါကတ်ရရှိကာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပျက်ပြယ်သွားခဲ့သည်။
ဒုတိယအကျော့ပွဲစဉ်ကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ရီယိုဒီဂျနေးရိုးမြို့ရှိ ဗာစကိုအသင်း၏ Sao Januario အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)
…………….
(English Version)
Gremio, Palmeiras edge toward Copa do Brasil final
RIO DE JANEIRO, Nov. 1 (Xinhua) -- Gremio took a step toward reaching the Copa do Brasil final with a 2-0 home win over Atletico Mineiro in the first leg of their semifinal on Sunday.
Carlos Vinicius opened the scoring with a long-range strike and Erick Noriega doubled the advantage by sweeping home a first-time effort after Joao Pedro's cross.
The hosts were reduced to 10 men in the 95th minute after Gustavo Martins received a second yellow card for a bad challenge on Tomas Cuello.
The decisive second leg will be played at Atletico's Arena MRV in Belo Horizonte next Saturday.
In Sunday's other semifinal first leg, a first-half strike from Mauricio gave Palmeiras a 1-0 home win over Vasco da Gama.
The visitors' hopes of an equalizer were all but dashed in the 77th minute when Alan Saldivia was sent off following a rash tackle on Vitor Roque that earned the Uruguayan defender a second booking.
The return fixture will be played at Vasco's Sao Januario stadium in Rio de Janeiro next Sunday.
Photo caption: Gustavo Gomez (R) of Palmeiras heads the ball during the first leg of the Copa Libertadores semifinal football match between Brazil's Fluminense and Palmeiras at the Maracana stadium in Rio de Janeiro, Brazil, Oct. 14, 2026. (Photo by Daniel Ramalho/Xinhua)