
ကွမ်ကျိုး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ် တည်ထောင်ခြင်း ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ (နိုဝင်ဘာ ၁၁ ရက်) အထိမ်းအမှတ် အခမ်းအနားများကို ကြိုဆိုသည့်အနေဖြင့် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့ပေါ်ရှိ ညကောင်းကင်ယံတွင် နိုဝင်ဘာ ၁ ရက်က ဒရုန်းအစင်းရေ ၂,၀၀၀ ဖြင့် ဖျော်ဖြေပွဲတစ်ခုကို ကျင်းပခဲ့သည်။
အခမ်းအနား အစီအစဉ်များ၏ ဖွင့်ပွဲအဖြစ် ပြုလုပ်သည့် အဆိုပါဖျော်ဖြေပွဲတွင် ခေတ်သစ် PLA လေတပ်၏ ပြောင်းလဲတိုးတက်မှုများကို မီးမောင်းထိုးပြသည့် အကြောင်းအရာ ၁၅ မျိုး ပါဝင်ကာ လေတပ်၏ ထင်ရှားသော လက်နက်ကိရိယာများအပြင် ပေါင်းစပ်စစ်ဆင်ရေး စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ တိုးတက်မှုများကိုပါ ပြသထားသည်။
လာမည့်ရက်များတွင်လည်း အခြားသော အစီအစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ထိုအစီအစဥ်များတွင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ ထျန်းကျင်းမြို့ရှိ မဟာတံတိုင်းကြီးအပေါ်မှ PLA လေတပ်၏ ပါးရီးလေကြောင်းသရုပ်ပြအဖွဲ့ ဖြတ်သန်းပျံသန်းပြသခြင်းနှင့် အရှေ့မြောက်ပိုင်း၊ ကျီလျင်ပြည်နယ် ချန်ချွမ်းမြို့ရှိ ပန်းခြံတစ်ခုတွင် လေတပ်တက္ကသိုလ်မှ လေကြောင်းသရုပ်ပြအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ဤအစီအစဉ်များသည် တရုတ်နိုင်ငံ၏ လေကြောင်းနှင့် အာကာသလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၏ ကတိကဝတ်နှင့် ၎င်း၏ စွမ်းဆောင်ရည်များကို ဆက်လက်မြှင့်တင်သွားရန် ပြတ်သားသော ဆုံးဖြတ်ချက်တို့ကို ပြသရန် ရည်ရွယ်ထားကြောင်း လေတပ်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………………
(English version)
Chinese Air Force anniversary celebrations kick off with 2,000-drone show
GUANGZHOU, Nov. 1 (Xinhua) -- A 2,000-drone light show illuminated the night sky over Zhuhai, south China's Guangdong Province, on Sunday, kicking off celebrations marking the 77th anniversary of the founding of the People's Liberation Army (PLA) Air Force, which falls on Nov. 11.
The show, the opening event of a series of celebrations, featured 15 themed displays highlighting the PLA Air Force's transformation and development in the new era, showcasing its iconic weaponry and equipment, as well as advances in integrated operational capabilities.
Further events are planned in the coming days, including a flyover of a section of the Great Wall in north China's Tianjin Municipality by the PLA Air Force's Bayi Aerobatic Team, and a performance over a park in Changchun, the capital of northeast China's Jilin Province, by an aerobatics team from the Aviation University of Air Force.
The events aim to showcase the PLA Air Force's commitment to safeguarding China's air and space security and its determination to continue advancing its capabilities, air force sources said.
Photo caption 1 : A drone light show is staged as the opening event of a series of celebrations marking the 77th anniversary of the founding of the People's Liberation Army (PLA) Air Force, in Zhuhai, south China's Guangdong Province, Nov. 1, 2026. (Photo by Yao Bin/Xinhua)
Photo caption 2 : A drone light show is staged as the opening event of a series of celebrations marking the 77th anniversary of the founding of the People's Liberation Army (PLA) Air Force, in Zhuhai, south China's Guangdong Province, Nov. 1, 2026. (Photo by Yao Bin/Xinhua)