Xinhua Myanmar

စတုတ္ထအကြိမ်မြောက် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင် ဖွင့်လှစ်

ဒါကာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဒါကာ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ရာ အာဖရိကတိုက်၌ အိုလံပစ်အားကစားပြိုင်ပွဲတစ်ရပ်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို ဆီနီဂေါနိုင်ငံ မြို့တော်ဒါကာမှ ကီလိုမီတာ ၃၀ အကွာရှိ မြို့သစ် ဒိုင်ယာမ်နီယာဒီယိုမြို့၌ တည်ရှိသော ပရိသတ် ၅၅,၀၀၀ ဆံ့ အဘ်ဒူလာယေ ဝိတ်ဒ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဖျော်ဖြေတင်ဆက်မှုသည် အာဖရိကတိုက်အနေဖြင့် မိမိတို့မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်နေရာမှ လာရောက်ခဲ့ကြောင်းနှင့် မည်သည့်နေရာသို့ ဦးတည်သွားလိုကြောင်း ကမ္ဘာကို ပြောပြခွင့်ရစေကြောင်း ကျင်းပရေးကော်မတီ၏ ပြောကြားချက်အရ အခမ်းအနားအစီအစဉ် ဒါရိုက်တာ ခါဒီ ညာန်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ဒါကာ၊ ဒိုင်ယာမ်နီယာဒီယိုနှင့် ဆာလီမြို့တို့တွင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ၌ ကိုယ်စားလှယ်အဖွဲ့ ၂၀၀ ကျော်မှ အားကစားသမား ၂,၆၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် တရားဝင်ပြိုင်ပွဲအစီအစဉ်အဖြစ် အားကစားနည်း ၂၅ မျိုး ပါဝင်မည်ဖြစ်ပြီး ပါဝင်လှုပ်ရှားမှုဆိုင်ရာ အားကစားနည်း ၁၀ မျိုးကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် ဒါကာ ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် ဝူရှူး၊ ဘေ့စ်ဘော ၅ နှင့် စကိတ်ဘုတ်စီး အားကစားနည်းတို့ကို လူငယ်အိုလံပစ်ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်သကဲ့သို့ ဒုက္ခသည်အိုလံပစ်အသင်းလည်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(English Version)

4th Youth Olympic Games opens in Dakar, Senegal

DAKAR, Oct. 31 (Xinhua) -- The Dakar 2026 Youth Olympic Games (YOG) opened on Saturday, marking the first time an Olympic event has been hosted on African soil.

The opening ceremony took place at the 55,000-seat Abdoulaye Wade Stadium in Diamniadio, a new city located 30 km from Senegal's capital of Dakar.

According to the organizing committee, Khady Niang, the ceremonies director, said the show allows Africa to "tell the world who we are, where we come from and where we want to go."

Held in Dakar, Diamniadio and Saly from Oct. 31 to Nov. 13, the fourth edition of the YOG will bring together more than 2,600 athletes from over 200 delegations. Twenty-five sports will feature on the official competition program, alongside 10 engagement sports.

Meanwhile, Dakar 2026 will also see the Youth Olympic debuts of wushu, baseball5 and skateboarding, as well as the historic first appearance of the Refugee Olympic Team.

မူရင်းသတင်း — Xinhua Myanmar