Xinhua Myanmar

ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် CIIE ပြပွဲက တံခါးပေါက်တစ်ခုဖြစ်ဟု အင်ဒိုနီးရှားကျွမ်းကျင်သူ ပြောကြား


ဂျကာတာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

လာမည့် ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အပါအဝင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်နှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ကမ္ဘာ့ကုန်သွယ်ရေး ကွန်ရက်များ တည်ဆောက်နိုင်ရန် "တံခါးပေါက်" တစ်ခုဖြစ်ကြောင်း အင်ဒိုနီးရှား ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

"တရုတ်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံအသီးသီးကို လာရောက်ပြသဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးတာက ကောင်းမွန်တဲ့အချက်ပါပဲ" ဟု နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပရန် စီစဉ်ထားသည့် အဆိုပါပြပွဲမတိုင်မီ ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် အင်ဒိုနီးရှားတက္ကသိုလ် အာဆီယံ-တရုတ် သုတေသနဌာန အကြီးအကဲ ဟမ့်ပရေး အာနယ်လ်ဒို ရက်ဆဲလ်က ပြောကြားခဲ့သည်။

သွင်းကုန်များအတွက် သီးသန့်ရည်ရွယ်သည့် ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် ကုန်စည်ပြပွဲအဖြစ် ၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် CIIE ပြပွဲသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုကို ပိုမိုချဲ့ထွင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအား ၎င်း၏ ကြီးမားသော ဈေးကွက်ထဲသို့ ဝင်ရောက်ခွင့်ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုနှစ်တွင်ကျင်းပမည့် ပြပွဲ၌ နိုင်ငံတကာသို့ ပထမဆုံးအကြိမ် မိတ်ဆက်ပြသမည့် ကုန်ပစ္စည်းနှင့် ပထမဆုံးအကြိမ် လာရောက်ပြသမည့် ကုန်ပစ္စည်း ၂၀၀ ကျော် ပါဝင်မည်ဖြစ်သည်။

အသေးစား စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်ပဈေးကွက်သို့ ဝင်ရောက်ရာတွင် ရှုပ်ထွေးသော စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့် သတ်မှတ်ချက်များကို ကိုင်တွယ်ဖြေရှင်းရလေ့ရှိသည်။ CIIE ပြပွဲကမူ အင်ဒိုနီးရှား SMEs လုပ်ငန်းများအနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ရန် လူချင်းတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်မည့် ပလက်ဖောင်းတစ်ခု ဖန်တီးပေးခြင်းဖြင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေကြောင်း ဟမ့်ပရေးက ပြောသည်။

အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းများအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ဆွေးနွေးရန် တရုတ်စီးပွားရေးမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံခြင်းဖြင့် တရုတ်ဈေးကွက်ထဲသို့ မည်သို့ဝင်ရောက်ရမည်ကို လေ့လာနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။ "တစ်ခါတလေမှာ အခွင့်အလမ်းရှိပေမဲ့ ဈေးကွက်လိုအပ်ချက်တွေနဲ့ ပြည့်မီအောင် ဖြည့်ဆည်းလုပ်ဆောင်ရပါမယ်" ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေး အခင်းအကျင်း ပြောင်းလဲမှုများနှင့် တစ်ဖက်သတ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှု ဖိအားများ ဖြစ်ပေါ်နေချိန်တွင် ရှန်ဟိုင်းမြို့၌ ကျင်းပမည့် အဆိုပါကုန်စည်ပြပွဲသည် အင်ဒိုနီးရှား ပို့ကုန်လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ ပို့ကုန်ဈေးကွက်များကို ကဏ္ဍပိုမိုစုံလင်အောင် ဖြန့်ကြက်စီမံရန်၊ ရေရှည်တည်တံ့သော ထောက်ပံ့ကွင်းဆက်များ တည်ဆောက်ရန်၊ ပိုမိုကျယ်ပြန့်သော စီးပွားရေး ပတ်ဝန်းကျင်ထဲသို့ ပေါင်းစည်းဝင်ရောက်နိုင်ရန် "ချိန်သားကိုက်ဖြစ်သော အရှိန်အဟုန်" တစ်ခု ဖန်တီးပေးသည်ဟု ဟမ့်ပရေးက ပြောသည်။

"ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တရုတ်ဈေးကွက်ထဲကို ဝင်ရောက်ခွင့်ရရှိရုံတင်မကဘဲ ရှန်ဟိုင်းမြို့မှာ စုဝေးရောက်ရှိနေတဲ့ နိုင်ငံတကာက ဝယ်ယူသူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေနဲ့လည်း ချိတ်ဆက်နိုင်ပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပို့ကုန်တိုးချဲ့ရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ပလက်ဖောင်းတစ်ခုပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261031/de817ed03d984a6e874d93abde56b779/c.html

..................................

(English Version)

CIIE offers "gateway" for shared growth, says Indonesian expert

JAKARTA, Oct. 31 (Xinhua) -- The upcoming ninth China International Import Expo (CIIE) offers a "gateway" for international businesses, particularly small and medium-sized enterprises (SMEs), to tap into China's vast market and build resilient global trade networks, an Indonesian expert has said.

"The good thing is that China gives opportunities to countries all across the globe to come," Humprey Arnaldo Russel, head of the ASEAN-China Research Center at the University of Indonesia, told Xinhua in an interview ahead of the expo, scheduled to be held in Shanghai on Nov. 5-10.

Launched in 2018 as the world's first national-level expo dedicated to imports, the CIIE aims to expand China's opening up and provide businesses worldwide with access to its large market. This year's edition will feature over 200 representative global debuts and first-time exhibits.

For smaller enterprises, entering a foreign market often involves navigating complex regulatory and compliance requirements. The CIIE helps address these challenges by providing a face-to-face platform for Indonesian SMEs to engage directly with Chinese businesses, Humprey said.

Indonesian businesses "can learn how to enter the Chinese market by meeting directly with their Chinese counterparts to discuss regulations," he said. "Sometimes an opportunity exists, but you must first meet the market requirements."

Amid ongoing shifts in global trade dynamics and unilateral tariff pressures, the Shanghai expo provides Indonesian exporters with "timely momentum" to diversify their export markets, build sustainable supply chains and integrate into broader economic ecosystems, Humprey said.

"Beyond accessing the Chinese market, our businesses can connect with international buyers and global distributors who convene in Shanghai. It is an invaluable platform for our export expansion," he said.

https://english.news.cn/20261031/de817ed03d984a6e874d93abde56b779/c.html

မူရင်းသတင်း — Xinhua Myanmar