
ဒူရှန်ဘီ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ရှီကျင့်ဖိန်၏ ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်သည် နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါတီများ၏ အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်များ ခိုင်မာစေရန်နှင့် စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ရန်အတွက် အရေးပါသော လမ်းညွှန်မှု ချမှတ်ပေးလျက်ရှိကြောင်း တာဂျစ်ကစ္စတန် ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
"မျက်မှောက်ခေတ် ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးက နိုင်ငံရေးပါတီတွေဟာ စိန်ခေါ်မှုတွေနဲ့ စွန့်စားမှုအသစ်တွေကို ရင်ဆိုင်နေရပါတယ်" ဟု တာဂျစ်ကစ္စတန်နိုင်ငံ အာဏာရ ပြည်သူ့ဒီမိုကရက်တစ်ပါတီ၏ သတင်းစာဖြစ်သည့် "People's Tribune" အယ်ဒီတာချုပ် စူဟရော့ဘ် ရာအူးဖ်ဇိုဒါက ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်များ တည်ငြိမ်ခိုင်မာအောင် တည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအာမခံချက်များဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ဘက်ပေါင်းစုံမှ တင်းကျပ်စွာ စီမံခန့်ခွဲမှု မြှင့်တင်ဖော်ဆောင်ရေး အတွေ့အကြုံများသည်လည်း အခြားနိုင်ငံများမှ နိုင်ငံရေးပါတီများအတွက် အသုံးဝင်သော လမ်းညွှန်ချက်များ ချမှတ်ပေးသည်ဟု ၎င်းက ရှုမြင်လျက်ရှိသည်။
ရာအူးဖ်ဇိုဒါက တရုတ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရေး ကြိုးပမ်းမှုများကို အထူးအလေးထားလျက်ရှိသည်။ ခေတ်သစ်နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုတွင် ခိုင်မာသောနိုင်ငံရေးယုံကြည်ချက်၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ခိုင်မာလေးနက်သော တာဝန်ယူမှုစိတ်ဓာတ်ရှိသည့် အရည်အသွေးမြင့်မားသောအရာရှိများ လိုအပ်သည်ဟု ၎င်းက ပြောသည်။ ထို့ကြောင့် အရာရှိများကို ပြုစုပျိုးထောင်ခြင်းနှင့် ထိုသို့ ကေဒါအဖွဲ့အစည်း ဖွဲ့စည်းခြင်းတို့သည် တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ပါတီဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာစနစ် ခိုင်မာအောင်လုပ်ဆောင်ခြင်း၊ ပါတီ၏ ဘက်ပေါင်းစုံမှ တင်းကျပ်စွာ စီမံခန့်ခွဲမှု မြှင့်တင်ဖော်ဆောင်ခြင်းနှင့် သစ္စာစောင့်သိမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်သိမှုတို့ဖြင့် ပြည့်စုံသော အရည်အသွေးမြင့်မားသော အရာရှိများကို ပျိုးထောင်ပေးခြင်းတို့သည် အပြန်အလှန်ဆက်စပ်နေပြီး အပြန်အလှန် အထောက်အကူပြုသည်ဟု ရာအူးဖ်ဇိုဒါက ရှုမြင်ထားသည်။
ရှီကျင့်ဖိန်၏ ပါတီတည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်၏ အရေးပါသော မျှော်မှန်းချက်တစ်ရပ်မှာ CPC အနေဖြင့် အစဉ်အမြဲ တက်ကြွအားမာန်ပြည့်သော မာ့ခ်ဝါဒီ အာဏာရပါတီအဖြစ်လည်းကောင်း၊ တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်လုပ်ငန်းစဉ်၏ ခိုင်မာသော ဦးဆောင်မှုဗဟိုချက်အဖြစ် လည်းကောင်း အစဉ်အမြဲ တည်ရှိနိုင်ရန်အတွက် ယင်းအား ပိုမိုအင်အားတောင့်တင်းအောင် တည်ဆောက်ရေးပင်ဖြစ်ကြောင်း တာဂျစ်ကျွမ်းကျင်သူက ယုံကြည်လျက်ရှိသည်။
"အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ မဟာဗျူဟာမြောက် စီမံကိန်းရေးဆွဲမှု၊ အရည်အသွေးအလွန်မြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်မှုနဲ့ နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှု ယန္တရားတွေကို စဉ်ဆက်မပြတ် မြှင့်တင်ရာမှာ ကိုယ်တွေ့အတွေ့အကြုံတွေကို ပြသနိုင်ခဲ့လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွေ့အကြုံတွေက နိုင်ငံပေါင်းများစွာရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တာပါ" ဟု ရာအူးဖ်ဇိုဒါက ပြောသည်။
နိုင်ငံတိုင်းတွင် သမိုင်းကြောင်းဆိုင်ရာ ဓလေ့ထုံးစံများ၊ နိုင်ငံရေးစနစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ ကိုယ်စီရှိကြကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် စီမံခန့်ခွဲမှုစွမ်းရည် စဉ်ဆက်မပြတ် မြှင့်တင်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအားကောင်းစေခြင်း၊ အရည်အသွေး အလွန်မြင့်မားသော လူရည်ချွန်များကို ပျိုးထောင်ပေးခြင်း၊ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို တည်ဆောက်ခြင်းတို့မှာ နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် ဘုံလုပ်ငန်းတာဝန်များဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261101/1853a21955ea4dd49eb1df2d545bb1fd/c.html

..................................
(English Version)
Xi Jinping Thought on Party Building provides key insights for political parties worldwide, says Tajik expert
DUSHANBE, Nov. 1 (Xinhua) -- Xi Jinping Thought on Party Building provides important guidance for political parties in different countries to strengthen their organizational foundations and enhance their governance capacity, a Tajik expert has said.
"Political parties in various countries are facing new risks and challenges in today's world," said Suhrob Raufzoda, editor-in-chief of "People's Tribune," the newspaper of Tajikistan's ruling People's Democratic Party, in an interview with Xinhua.
In his view, steadily strengthening organizational foundations and enhancing governance capacity are important guarantees for a country's long-term stability and development, and the Communist Party of China's (CPC) experience in advancing full and rigorous Party self-governance provides useful guidance for political parties in other countries.
Raufzoda attaches particular importance to China's efforts in personnel training. He said that modern state governance requires high-caliber officials with firm political conviction, professional expertise and a strong sense of responsibility. Therefore, cultivating officials and building such a cadre represent important investments in China's long-term development, he added.
In Raufzoda's view, strengthening the Party's organizational system, advancing full and rigorous Party self-governance, and cultivating high-caliber officials characterized by loyalty, integrity and a sense of responsibility are interconnected and mutually reinforcing.
The Tajik expert believes that an important objective of Xi Jinping Thought on Party Building is to further strengthen the CPC so that it always remains a vibrant Marxist governing party and the strong leadership core of the cause of socialism with Chinese characteristics.
"The experience of the Communist Party of China has attracted the attention of many countries, as it demonstrates practical experience in continuously improving institutional development, strategic planning, the training of highly qualified personnel and mechanisms of state governance," Raufzoda said.
He stressed that every country has its own historical traditions, political system and development path. At the same time, continuously enhancing governance capacity, strengthening institutional development, cultivating highly qualified personnel and building public trust are common tasks facing many countries, he said.
https://english.news.cn/20261101/1853a21955ea4dd49eb1df2d545bb1fd/c.html
Photo caption 1: The fifth plenary session of the 20th Communist Party of China (CPC) Central Committee is presided over by the Political Bureau of the CPC Central Committee in Beijing, capital of China. (Xinhua/Yue Yuewei)
Photo caption 2: This photo taken on June 9, 2026 shows the city skyline of Beijing, capital of China. (Xinhua/Wang Jianhua)