
#Local_News
Published 03 November 2026
■ အခြေခံပညာ အထက်တန်း အဆင့်များကို ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ကပြောသည်။
■ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့၌ မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ဥပဒေပညာဘာသာရပ်ကို အခြေခံပညာအလယ်တန်းနှင့်အထက်တန်းများတွင် သင်ကြားနိုင်ရေးမည်သည့်နှစ်မှ စတင်ဆောင်ရွက်မည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် တက္ကသိုလ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအပါအဝင် သိသင့်သိထိုက်သည့် ဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေပညာ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-8) (Grade-9)တွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11, Grade-12 တန်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည့်အပြင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြုစုထားသည့် ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိပါကြောင်းနှင့်ဆက်လက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times