MT News
၃. ၁၁. ၂၀၂၆
ယခု ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်၏ ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၄၃၃ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြသည်။
ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကာလအတွင်း အိမ်ခြံမြေကဏ္ဍက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၄၅ သန်းဖြင့် အများဆုံး ဝင်ရောက်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍက ဒေါ်လာ ၁၃၁ သန်းကျော်ဖြင့် ဒုတိယလိုက်ကာ ကုန်ထုတ်လုပ်ငန်းကဏ္ဍက ဒေါ်လာ ၂၉ သန်းကျော်ဖြင့် တတိယလိုက်ကြောင်း DICA က ဖော်ပြခဲ့သည်။
အဆိုပါ ကာလအတွင်း တရုတ်နှင့် စင်ကာပူနိုင်ငံတို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြကြောင်း ထပ်လောင်း ဖော်ပြထားသည်။
Ref: Xinhua