Myanmar Transparency News

သူဌေးလောင်းရှာပုံတော် ‘Boss Call’ Season-2 အစီအစဉ်ကို ပိုမိုဆန်းသစ်ပြီး ထူးထူးခြားခြားဆုကြေးငွေ ကျပ်သိန်းပေါင်း ၁၇၅,၀၃၀,၀၀၀ အထိ ချီးမြှင့်သွားမည်

၃.၁၁.၂၀၂၆
Written By Thandar

သူဌေးမင်းဖြစ်ဖို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ သူဌေးလောင်းရှာပုံတော် ‘ Boss Call’ Season-2 မှာ မတူညီတဲ့ ခေါင်းစဉ်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားရမယ့် အခိုက်အတန့်တွေနဲ့ ပိုမိုဆန်းသစ်ပြီး ထူးထူးခြားခြား တွေတင်ဆက်သွားမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Junction Square Open Plaza မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အစီအစဥ်ကို Season 1 ထက် Season 2 မှာ ဖုန်းခေါ်ဆိုရင် ဆုကြေးငွေ ကျပ်သိန်းပေါင်း ၁၇၅,၀၃၀,၀၀၀ အထိ ချီးမြှင့်ပေးမှာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့ သူဌေးလောင်း ရှာပုံတော်ကို ဒီအစီအစဉ်ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ မြန်မာ ကောင်းသုခရယ်၊ စက္ကပါဒ စပွန်ဆာပေးတဲ့ ကုမ္ပဏီအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ သူဌေးလောင်းရှာပုံတော်က Mahar ရုပ်သံလိုင်းမှာ တနင်္ဂနွေနေ့ ၆ နာရီဆိုရင် Live တိုက်ရိုက်ထုတ်လွှင့်ပြသမှာကို ဝင်ရောက်မေးခွန်းတွေကို ဖြေဆိုရမှာပါ။ တကယ်တော့ ဖြတ်ထိုးဉာဏ်တွေနဲ့ ဉာဏ် စမ်းမေးခွန်းတွေ ဖြေဆိုရင် ကျပ်သိန်း ၁၇၀၀ ကျော်ကို ချီးမြှင့်မှာ ဖြစ်ပါတယ်”လို့ သရုပ်ဆောင် လင်းအောင်ခေတ်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ အနုပညာရှင်တွေဖြစ်တဲ့ လင်းအောင်ခေတ်၊ ကောင်းမြတ်စံ၊ သိန်းလင်းစိုး၊ ထက်အောင်ရှိုင်း၊ တိုင်ရွန်၊ နန်းဆုဦး၊ ဆောင်းဝတ်ရည်မေ၊ သံသာမိုးသိမ့်၊ သင်းသဲဗို၊ ထက်ထက်ထွန်း၊ Titans အဖွဲ့၊ Queens အဖွဲ့တို့အပြင် Cloud Seven သရုပ်ဆောင်တွေ တက်ရောက်ခဲ့ကြပြီး အမှတ်တရ ဉာဏ်စမ်း မေးခွန်းတွေ ဖြေဆို ဆော့ကစားခဲ့ကြပါတယ်။

ဝိညာဉ်နဲ့ ပရလောကဆိုင်ရာ အကြောင်းအရာတွေ စိတ်ဝင်စားဖွယ်ကောင်းအောင်တင်ဆက်မှာ ဖြစ်သလိုမေးခွန်းတွေကို ဖြတ်ထိုးဉာဏ်နဲ့ ချင့်ချိန်ပြီး တစ်ချိန်တည်းမှာ ဖြေဆိုရမှာပါ။ အနုပညာနဲ့ ပတ်သက်တာတွေကိုရော၊ တကယ့် Entertainment အပြည့် ရသာကိုခံစားရမယ့်အပြင် ဘယ်သူက အသံပိုင်ရှင်အစစ်လဲ၊ ပြည်တွင်း ပြည်ပ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေက ဘယ်သူ့အသံပိုင်ရှင်လဲဆိုတာကို ခန့်မှန်းရမှာဖြစ်ပါတယ်။

ဒါ့ပြင် ထိပ်တန်း အနုပညာရှင်တွေရဲ့ ဘယ်မှာမှ မပြောပြဖူးသေးတဲ့ တကယ့်ကို ထူးခြားတဲ့ “Who’s Behind Story” ဆိုတဲ့ ကဏ္ဍသစ်လည်း ပါဝင်မှာပါ။ Season 1 က ရရှိခဲ့တဲ့ ဗဟုသုတတွေကို အခြေခံပြီးတော့ ဒီ Season 2 မှာ ရိုးရာနတ်တွေအကြောင်းကိုပါ ဆက်လက်ထည့်သွင်းမှာဖြစ်သလို သမိုင်းကြောင်းတွေကိုလည်း ထည့်သွင်းမေးမြန်းသွားမယ်လို့ သိရပါတယ်။

Boss Call Season 2 အစီအစဉ်ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီမှာ Mahar ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသမှာဖြစ်ပါတယ်။

#KaungMyatSan #hsaungwutyeemay #လင်းအောင်ခေတ် #သင်းသဲဗို #LinAingKhit #ThinThaeBo #HtetHtetHtun #NanSuOo #HtetAungShine #BossCall #သူဌေးလောင်းရှာပုံတော် #BossCallSeason2
#မြန်မာကောင်းသုခ #ApexMotors #OPPO #MTEntertainment

မူရင်းသတင်း — Myanmar Transparency News