၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၄:၀၀ နာရီအချိန်ထုတ်ပြန်ချက်
၁။ (က) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု” (MURASU) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့ (Nellore)နှင့် နာစာပါမြို့ (Narsapur) တို့အကြား အွန်ဂိုလီမြို့ (Ongole) အနီးမှ ဖြတ်ကျော်ခဲ့သော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မူရားစု” (MURASU) သည် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ပြည်နယ်ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။
( ခ ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“မူရားစု”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများတွင် နောက် ၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
၂။ သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု” ၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။
Crd> မိုး/ဇလ