Myanmar Digital News

မိုးစပါးစိုက်ခင်းများတွင် ပဲမျိုးစုံ ပြန်လည်စိုက်ပျိုးနိုင်ရန် ဒီဇယ်ဆီ (အခမဲ့) ထောက်ပံ့ပေး

 

ရေကြည် နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် သဘာဝဘေးရေကြီး နစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးစိုက်ခင်းများတွင် ပဲမျိုးစုံ ပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် ဆီဆုံကုန်းအုပ်စု၊ အကယ်ကြီးကြို့ကုန်းအုပ်စု၊ ငှက်သိုက်အုပ်စု (၃) အုပ်စုမှ တောင်သူများအား ဒီဇယ်ဆီ (အခမဲ့) ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

ဒီဇယ်ဆီ (အခမဲ့) ထောက်ပံ့ပေးအပ်ခြင်းအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News