
ဂျေရုဆလမ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အစ္စရေး မော်တော်ယာဉ်တင်သွင်းသူများအသင်းက နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကားရောင်းချမှုဈေးကွက်တွင် တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ XPeng Motors က ဦးဆောင်လျက်ရှိကြောင်း သိရသည်။
XPeng ကုမ္ပဏီသည် အစ္စရေးနိုင်ငံ၌ G6 နှင့် G9 အလတ်စားလျှပ်စစ် Crossover SUVs ကားများ၊ P7 အဆင့်မြင့်ဆီဒင်ကားနှင့် X9 မီနီဗန်ကားများကို ရောင်းချလျက်ရှိသလို ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စုစုပေါင်းကားအစီးရေ ၆,၀၀၉ စီး ရောင်းချနိုင်ခဲ့သည်။
အဆိုပါကာလအတွင်း အမေရိကန်နိုင်ငံမှ Tesla ကုမ္ပဏီထုတ်ကားများက အစီးရေ ၄,၉၇၀ ရောင်းချနိုင်ခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့ကာ တရုတ်နိုင်ငံမှ BYD Auto ကားများက အစီးရေ ၄,၂၂၉ စီး ရောင်းချနိုင်ခဲ့ပြီး တတိယနေရာတွင် ရပ်တည်ခဲ့သည်။
ပထမ ၁၀ လတာကာလအတွင်း အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကားရောင်းချမှုတွင် တရုတ်အမှတ်တံဆိပ်ကားများက အစီးရေ ၂၆,၉၂၇ စီး ရောင်းချနိုင်ခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၇၄.၃ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
ဓာတ်ဆီသုံးကားများ၊ ဟိုက်ဘရစ်ကားများနှင့် လျှပ်စစ်ကားများ အပါအဝင် မော်တော်ယာဉ်ဈေးကွက်တစ်ခုလုံးတွင်လည်း တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီများက ကားအစီးရေ ၁၂၈,၃၁၂ စီး ရောင်းချနိုင်ခဲ့ပြီး ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သည်။ တောင်ကိုရီးယားကားထုတ်လုပ်ရေးကုမ္ပဏီများက အစီးရေ ၄၁,၅၁၄ စီးဖြင့် ဒုတိယနေရာတွင်ရှိနေကာ ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီများက အစီးရေ ၂၈,၄၁၉ စီး ရောင်းချနိုင်ခဲ့ပြီး တတိယနေရာတွင် ရပ်တည်ခဲ့သည်။
တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ Chery က ကားအစီးရေ ၆၂,၀၃၈ စီး ရောင်းချနိုင်ခဲ့ပြီး ထိပ်ဆုံးမှ ဦးဆောင်နေကာ ၎င်း၏နောက်တွင် ဂျပန်နိုင်ငံမှ Toyota က အစီးရေ ၂၆,၀၀၈ စီး၊ တောင်ကိုရီးယားနိုင်ငံမှ Hyundai က အစီးရေ ၂၃,၄၆၈ စီးဖြင့် အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
.........................
(English version)
Chinese carmaker XPeng Motors tops Israel's electric car sales in Jan.-Oct.
JERUSALEM, Nov. 2 (Xinhua) Chinese automaker XPeng Motors led Israel's electric car market in the first 10 months of 2026, according to figures issued by the Israel Vehicle Importers Association on Monday.
XPeng, which offers the mid-size electric crossover SUVs G6 and G9, along with the executive sedan P7 and the X9 minivan in Israel, sold 6,009 units between January and October.
America's Tesla ranked second, selling 4,970 units during the same period, followed by China's BYD Auto with 4,229 units.
Chinese brands accounted for about 74.3 percent of Israel's electric car sales during the first 10 months, selling 26,927 units.
Across the overall automotive market, including gasoline, hybrid and electric vehicles, Chinese manufacturers ranked first with 128,312 units sold. South Korean automakers followed with 41,514, while Japanese manufacturers sold 28,419 units.
Chinese automaker Chery led sales with 62,038 vehicles, followed by Japan's Toyota with 26,008 and South Korea's Hyundai with 23,468. ■
Photo caption: People look at an electric vehicle of Xpeng during the Swedish eCarExpo 2022 in Stockholm, Sweden, April 29, 2022. (Xinhua/Fu Yiming)