Xinhua Myanmar

မော်စကိုမြို့ ဒရုန်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံရ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကရင်မလင်နန်းတော် (ဝဲ) နှင့် Saint Basil ကာသီဒြယ်ဘုရားကျောင်း (ယာ) တို့အား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုဒေသတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းမှ ၃ ရက် နံနက်ပိုင်းအထိ ယူကရိန်းဘက်မှ ဒရုန်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံခဲ့ရကြောင်း မော်စကိုမြို့ မြို့တော်ဝန် Sergey Sobyanin က နိုဝင်ဘာ ၃ ရက်တွင် လူမှုကွန်ရက်၌ ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် နိုဝင်ဘာ ၂ ရက် ည ၈ နာရီ ၃၀ မိနစ်မှ ၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အထိ ယူကရိန်း ဒရုန်း စုစုပေါင်း ၄၉၃ စင်းမှာ မော်စကိုဒေသသို့ ပျံသန်းခဲ့ပြီး ယင်းအနက် အများစုကို ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ဝေးလံသည့်နေရာတွင်ပင် ပစ်ချနိုင်ခဲ့ကာ ကျန်ရှိသည့် ၁၈၇ စင်းကို မော်စကိုမြို့အနီးသို့ ချဉ်းကပ်လာစဉ် ကြားဖြတ်ဟန့်တားခဲ့ကြောင်း Sobyanin က ပြောကြားခဲ့သည်။

TASS သတင်းဌာန၏ သတင်းအရ အဆိုပါဒရုန်းတိုက်ခိုက်မှုသည် နှစ်ဝက်ကာလအတွင်း အကျယ်ပြန့်ဆုံး ဒရုန်းတိုက်ခိုက်မှုများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားတပ်ဖွဲ့သည် မြေပြင်အခြေစိုက်၊ လေကြောင်းအခြေစိုက် တိကျမှုမြင့်မားသော လက်နက်များနှင့် ဒရုန်းများကို အသုံးပြု၍ ယူကရိန်းနိုင်ငံ Vinnytska ပြည်နယ်၊ Dnipropetrovsk ပြည်နယ်နှင့် Kharkiv ပြည်နယ်ရှိ ယူကရိန်း စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများနှင့် ယူကရိန်းတပ်ဖွဲ့အတွက် လျှပ်စစ်ဓာတ်အားပေးသည့် စွမ်းအင်အခြေခံအဆောက်အအုံများကို နိုဝင်ဘာ ၂ ရက် ညပိုင်းမှ ၃ ရက် နံနက်ပိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ရာ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ရုံနှင့် လျှပ်စစ်ဓာတ်အားခွဲရုံ ၂ ရုံ ထိခိုက်ပျက်စီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင် လူမှုကွန်ရက်၌ ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းတွင် ရုရှားတပ်ဖွဲ့သည် Odesa ပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာ အသုံးပြုရန် ဆိပ်ကမ်းအခြေခံအဆောက်အအုံများကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)

...............................

(Chinese Version)

莫斯科遭大规模无人机袭击

新华社莫斯科11月3日电(记者赵冰)俄罗斯首都莫斯科市市长索比亚宁3日在社交媒体上说,2日晚至3日早晨,莫斯科地区遭到来自乌克兰的大规模无人机袭击。  

索比亚宁说,当地时间2日20时30分至3日7时30分,共有493架乌克兰无人机飞往莫斯科地区,其中大部分被俄防空部队远距离击落,另有187架在靠近莫斯科时被拦截。  

据塔斯社报道,此次无人机袭击是半年来最大规模无人机袭击之一。  

另据俄罗斯国防部3日在社交媒体上通报说,从2日夜到3日凌晨,俄军使用陆基、空基高精度武器以及无人机,对乌克兰文尼察州、第聂伯罗彼得罗夫斯克州和哈尔科夫州为乌军工企业和乌军供电的能源设施实施大规模打击,造成四座火力发电厂、两座变电站受损。同时,俄军还打击了敖德萨州用于军事用途的港口基础设施。(完)

图说:这是7月11日晚上九点二十分左右,在俄罗斯莫斯科拍摄的克里姆林宫(左)和圣瓦西里大教堂。新华社记者冯开华摄

မူရင်းသတင်း — Xinhua Myanmar