
နေပြည်တော်၊ နိုဝင်ဘာ ၃
မြန်မာ့တပ်မတော်အနေဖြင့် ထိုင်းနိုင်ငံနှင့် ကာလရှည်ကြာသော မိတ်ဆွေဖက် ချစ်ကြည်ရင်းနှီးမှုရှိပြီး တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်လျက်ရှိသည်နှင့်အညီ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အစဉ်တစ်စိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မလိုလားသော KNU၊ KNLA အပါအဝင် CRPHI NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် နယ်စပ်ဒေသများတွင် နှစ်နိုင်ငံပြည်သူ များ ထိခိုက်စေရန် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခြင်း တို့အပြင် ပြည်သူများ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန် နည်းလမ်းမျိုးစုံဖြင့် အွန်လိုင်းမီဒီယာများတွင် ကောလာဟလသတင်းများ ပျံ့နှံ့အောင် လုပ်ဆောင်နေကြောင်း တွေ့ရှိရသည်။
ပြည်ဖျက်မီဒီယာများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းမွန်မှုကို မလိုလား သည့်အတွက် နယ်စပ်ရှိဒေသခံများအား စိုးရိမ်ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံဘက်ရှိ ကုန်လှောင်ရုံများကို ဖျက်ဆီးမည်ဆိုသည့် သတင်း အပါအဝင် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများကို ဖြန့်ဝေနေကြောင်း တွေ့ရှိရပြီး အဆိုပါ အွန်လိုင်းမီဒီယာသတင်းများသည် မှန်ကန်မှုမရှိသည့် သတင်း မှားများသာဖြစ်ကြောင်း တွေ့ရှိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံအနေဖြင့် နိုင်ငံတော်အစိုးရ အချင်းချင်းဆက်ဆံရေး၊ တပ်မတော် အချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းနှင့် အဖွဲ့အစည်းများအကြား ဆက်ဆံရေးတို့တွင် ကဏ္ဍပေါင်းစုံ၌ ခိုင်မာအားကောင်းလျက်ရှိပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership) အဆင့်ရှိသည့် နိုင်ငံများ လည်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့်လည်း နယ်စပ်ဒေသတည်ငြိမ် အေးချမ်း ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် နှစ်နိုင်ငံ ပြည်သူများအနေဖြင့်လည်း ကာလရှည်ကြာသည့် မိတ်ဖက်ချစ်ကြည် ရင်းနှီးမှု များ ရှိပြီးဖြစ်သည်။
KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များအနေဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပျက်ပြားစေရန် ရည်ရွယ်၍ နှစ်နိုင်ငံနယ်စပ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ၁၂ ဒသမ ၇ မမ စက်သေနတ်ကြီးဖြင့် ပစ်ခတ်ခံရမှု ကြောင့် ထိုင်းပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟုသိရပြီး မြန်မာ့တပ်မတော်၌ အဆိုပါ လက်နက်အသုံးပြုမှုမရှိသည်ကို ထိုင်းတပ်မတော်တာဝန်ရှိသူများထံ အသိပေး ပြီးဖြစ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများက နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြားစေရန် ထိုင်းနိုင်ငံနယ်နိမိတ်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအတွက် မြန်မာ့တပ်မတော် မှ များစွာ စာနာနားလည်ပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာ့တပ်မတော်အနေဖြင့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအား အလေးထားသည်နှင့်အညီ အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် အပြုအမူများကို မည်သည့်အချိန်တွင်မှ လုပ်ဆောင်မည် မဟုတ်ဘဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများ လုံခြုံအေးချမ်း၍ ဒေသတည်ငြိမ်ရေးကိုသာ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။
#News #Myanmar