Xinhua Myanmar

အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် APEC အဖွဲ့ဝင်နိုင်ငံများက ဖြေရှင်းနည်းများ ပံ့ပိုးကူညီသင့်ဟု တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြောကြား

တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့တွင် ကျင်းပသည့် ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များအစည်းအဝေး ကြော်ငြာတစ်ခုကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝန်းလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျပြီး ထိရောက်သော "အာရှ-ပစိဖိတ် ဖြေရှင်းနည်းများ" ကို ဆက်လက်ပံ့ပိုးကူညီသွားသင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝမ်ဝန်ထောင်းက နိုဝင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့်အတူ ၃၇ ကြိမ်မြောက် APEC ဝန်ကြီးများအဆင့်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်စဉ် ဝမ်ဝန်ထောင်းက ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိနိုင်ငံတကာအခြေအနေမှာ အပြောင်းအလဲများနှင့် မငြိမ်မသက်မှုများ ပြည့်နှက်နေပြီး စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပြိုလဲမည့်အန္တရာယ်များ မြင့်တက်နေကာ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နှေးကွေးလျက်ရှိကြောင်း ထောက်ပြပြောဆိုခဲ့သည်။

APEC အဖွဲ့ဝင်အားလုံးအနေဖြင့် လွတ်လပ်သောကုန်သွယ်မှုနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသော ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းကြရန်၊ စီးပွားရေးတိုးတက်မှုအတွက် အားကောင်းသော မောင်းနှင်အားတစ်ရပ် ဖော်ဆောင်ကြရန်၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တု နည်းပညာအခြေပြု စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများအပေါ် ဆွေးနွေးမှုများနှင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်ကြရန်၊ သာတူညီမျှရှိ၍ သမာသမတ်ကျသော နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးအစီအစဉ်တစ်ရပ် တည်ဆောက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

…………….

(English Version)

APEC parties should contribute solutions to Asia-Pacific, world development: China's commerce minister

BEIJING, Nov. 3 (Xinhua) -- All Asia-Pacific Economic Cooperation (APEC) parties should continue to contribute practical and effective "Asia-Pacific solutions" to the development of the Asia-Pacific region and the world at large, Chinese Commerce Minister Wang Wentao said on Tuesday.

Wang made the remarks when co-chairing the 37th APEC Ministerial Meeting via video conference with Wang Yi, member of the Political Bureau of the Communist Party of China Central Committee and Minister of Foreign Affairs, noting the international situation is fraught with changes and turmoil, risks of fragmentation in industrial and supply chains are mounting, and the world economy is growing sluggishly.

He called on all APEC parties to uphold free trade and innovation-driven development, foster a vibrant engine for growth, advance discussions and policy coordination on digital and intelligent economic and trade rules, and build a fair and equitable international economic and trade order.

Photo caption: This photo taken on Oct. 28, 2025 shows a publicity installation of the 32nd Asia-Pacific Economic Cooperation (APEC) Economic Leaders' Meeting in Gyeongju, South Korea. (Photo by Park Jintaek/Xinhua)

မူရင်းသတင်း — Xinhua Myanmar