Xinhua Myanmar

၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ရာ အစည်းအဝေး ပူးတွဲသဘာပတိအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းတို့က အတူတကွ ကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် နိုဝင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး အစည်းအဝေး ပူးတွဲသဘာပတိအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းတို့က အတူတကွ ကြီးမှူးကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်သည် မိမိတို့အနေဖြင့် APEC ၏ စီးပွားတိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွားများမြှင့်တင်ရေးဟူသည့် မူလရည်မှန်းချက်ကို ခိုင်မြဲစွာစောင့်ထိန်းကာ တံခါးဖွင့်လှစ်မှု ဖွံ့ဖြိုးတိုးတက်မှုအတွင်း အခွင့်အလမ်းများ အတူမျှဝေခြင်း၊ ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်းတို့ကို ခိုင်မာစွာလက်ကိုင်ထားကာ ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုပြီးအားလုံးပါဝင်‌သော စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို တွန်းအားပေးခြင်းဖြင့် အာရှပစိဖိတ်အသိုက်အဝန်း တည်ဆောက်ရမည်ဟု ထောက်ပြခဲ့ကြောင်း၊ အဆိုပါအရေးကြီးပြောကြားချက်အားဖြင့် အခြေအနေအသစ်အောက်တွင် အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အဖွဲ့ဝင်အသီးသီးနှင့်အတူ အာရှပစိဖိတ် အသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မြဲလာစေရန်အတွက် ကြိုးပမ်းတွန်းအားပေးသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပထမအချက်အနေဖြင့် စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ်ကို ခိုင်မြဲစေပြီး အသိုက်အဝန်း အယူအဆကို လက်တွေ့ကျင့်သုံးရမည်ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှုကိုလက်ကိုင်ထားပြီး စည်းလုံးညီညွတ်စွာညှိနှိုင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အာရှ-ပစိဖိတ် အသိုက်အဝန်း အယူအဆကို လက်တွေ့ကျင့်သုံးရမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ဒုတိယအချက်အနေဖြင့် တံခါးဖွင့်လှစ်မှုအခင်းအကျင်းကို ဖန်တီးကာ တစ်သားတည်းဖြစ်အောင်ပေါင်းစည်းမှုအလားအလာကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အား ဗဟိုပြုသည့် နိုင်ငံစုံကုန်သွယ်ရေးယန္တရားကိုကာကွယ်ထိန်းသိမ်း၍ ဒေသတွင်းကုန်သွယ်ရေးအစီအစဉ်၏ ဦးဆောင်မှု အခန်းကဏ္ဍကို ကောင်းမွန်စွာအသုံးချပြီး တံခါးဖွင့်လှစ်မှုရှိသောအာရှပစိဖိတ်စီးပွားရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် ဂေဟစနစ်အသစ်အား အတူတကွဖန်တီး၍ တိုးတက်မှုစွမ်းအားအသစ်များအား ပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်ဉာဏ်ရည် အသွင်ကူးပြောင်းမှုကို  အရှိန်အဟုန်မြင့်အောင်တွန်းအားပေးလျက် ပူးပေါင်းဆောင်ရွက်မှု၌ တိုးတက်မှုအသစ်များ ရရှိအောင် ပျိုးထောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

စတုတ္ထအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို တိုးချဲ့ကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်၍ သာတူညီမျှအကျိုးပြုမည့် အစိမ်းရောင်၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ဖွံ့ဖြိုးတိုးတက်မှုရအောင် ဦးတည်ဆောင်ရွက်ကာ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာမီကျင်းပတော့မည့် APEC အလွတ်သဘောအစည်းအဝေးသည် အာရှပစိဖိတ်ဒေသကြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အစည်းအဝေးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ APEC “တရုတ်နှစ်” အဆုံးသတ်အဆင့်လုပ်ငန်းများအား စိတ်တူကိုယ်တူ ပူးပေါင်းညှိနှိုင်း၍ ခေါင်းဆောင်များ၏အစည်းအဝေးအတွက် ကြွယ်ဝသောရလဒ်များ ရရှိရန်အတွက် အားဖြည့်ဆောင်ရွက်ပေးလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်လာသော ဘက်အသီးသီးက APEC “တရုတ်နှစ်” တွင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုများကို အပြုသဘောသုံးသပ်ပြောကြားခဲ့ပြီး အလွတ်သဘောအစည်းအဝေး အောင်မြင်စွာကျင်းပရေးအတွက် အတူတကွ တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ရာ အစည်းအဝေး ပူးတွဲသဘာပတိအဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းတို့က အတူတကွ ကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

亚太经合组织召开第37届外交和贸易双部长会议

新华社北京11月3日电(记者邵艺博)亚太经合组织(APEC)第37届外交和贸易双部长会议3日以视频方式在京举行。会议联合主席中共中央政治局委员、外交部部长王毅和商务部部长王文涛共同主持。  

王毅说,习近平主席指出,我们要坚守亚太经合组织促进经济增长、增进人民福祉的初衷,坚持在开放发展中分享机遇、实现共赢,推进普惠包容的经济全球化,构建亚太共同体。这一重要论述为在新形势下推进亚太合作指明了方向。  

王毅表示,中方愿同各成员一道努力推动亚太共同体建设走深走实。一要筑牢团结根基,践行共同体理念。坚持相互尊重,深化团结协作,以实际行动践行亚太共同体理念。二要打造开放格局,维护一体化势头。维护以世界贸易组织为核心的多边贸易体制,发挥区域贸易安排的引领作用,建设开放型亚太经济。三要共建创新生态,培育增长新动能。加快推进亚太数智转型,培育新的合作增长点。四要拓展合作路径,实现可持续发展。坚持普惠包容,倡导绿色低碳,维护能源和粮食安全。  

王毅表示,即将召开的APEC领导人非正式会议是事关亚太未来发展的一次重要会议。中方愿同各方齐心协力做好APEC“中国年”收官阶段工作,为领导人会议达成丰硕成果贡献力量。  

与会各方积极评价APEC“中国年”各领域合作进展,表示愿共同推动领导人会议取得圆满成功。(完)

图说:11月3日,亚太经合组织(APEC)第37届外交和贸易双部长会议以视频方式在北京举行。会议联合主席中共中央政治局委员、外交部部长王毅和商务部部长王文涛共同主持。 新华社记者 田宇 摄

မူရင်းသတင်း — Xinhua Myanmar