
လျင်အန်း (ကျဲ့ကျန်း)၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် “Double 11” ဈေးရောင်းပွဲတော်အချိန်တွင် ဟန်ကျိုးမြို့ လျင်အန်းခရိုင် သမဝါယမအသင်းချုပ်သည် ခေတ်သစ်တောင်သူနှင့် ကျေးရွာကေဒါများနှင့်အတူ စိုက်ပျိုးရေးထုတ်ကုန်များ၏ ဘူမိနက်သန်နေရာဖြစ်သည့် ယာခင်းများ၊ စိုက်ပျိုးရေးစခန်းများမှ တိုက်ရိုက်ထုတ်လွှင့်မှုများလုပ်ဆောင်ခဲ့ကြသည်။ လျင်အန်းခရိုင် ယွီချန်မြို့နယ် ကန်စွန်းဥစိုက်ခင်းတွင် ခေတ်သစ်တောင်သူ၊ ရွာကေဒါများသည် ထျန်းမု ကန်စွန်းဥမူလထွက်ရှိရာ ဘူမိနက်သန်နေရာသို့တိုင် အတူတကွသွား၍ မိတ်ဆက်ရောင်းချခဲ့သည်။ လက်ကိုင်ဖုန်းက စိုက်ပျိုးရေးကိရိယာအသစ် ဖြစ်လာကာ တောင်သူများကလည်း “ကျေးရွာလိုက်ဖ်လွှင့်သူများ” ဖြစ်လာခဲ့သည်။ လက်ရှိတွင် ကုန်ပစ္စည်း အမျိုးအစားခွဲခြားခြင်း၊ ထုပ်ပိုးခြင်းမှ ပို့ဆောင်ခြင်းအထိ ထောက်ပံ့ရေးကွင်းဆက် တွဲဖက်လုပ်ဆောင်မှုများလည်း တစ်ပြေးညီလုပ်ဆောင်လျက်ရှိရာ “Double 11” ရောင်းချမှု အမှာစာအတွက် အစွမ်းကုန် ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။ (Xinhua)