Xinhua Myanmar

ဝတ်စုံများထဲက မြောင်လူမျိုးစုယဉ်ကျေးမှု

-

မြောင်တိုင်းရင်းသူ ပန်းထိုးလက်မှုပညာရှင်တစ်ဦးသည် ထိုင်ကျန်းခရိုင်၊ ရှီးတုန့်မြို့နယ်၊ ပိုင်ကျီးဖိန်ကျေးရွာ၌ ပန်းထိုးအထည်စတစ်ခု ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ကျန်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မြောင်လူမျိုးစုသည် နှစ်ပေါင်းထောင်ချီကြာ မျိုးဆက်များ တိုးပွားများပြားလာခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်းတို့၏ဖြစ်စဉ်အတွင်း ထွန်းတောက်ပြောင်မြောက်သော လူမျိုးစုယဉ်ကျေးမှုကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်။ မြောင်လူမျိုးစု၏ ရိုးရာဝတ်စုံများသည် ၎င်းတို့၏ယဉ်ကျေးမှုကို ဆန်းသစ်တက်ကြွသော ဖော်ဆောင်ပေးသည့် အရာများအနက် တစ်ခုဖြစ်သည်။ ၎င်းတို့သည် ထူးခြားလှပသော အဆင်အသွေးများနှင့် ကျွမ်းကျင်ပြောင်မြောက်သော ရိုးရာလက်မှုပညာများကို အသုံးပြုကာ သဘာဝတရား၊ နေ့စဉ်ဘဝနှင့် လှပသောအနာဂတ်အပေါ် နားလည်ခံယူချက်များကို အပ်ချည်ဖြင့်ပုံဖော်ကာ အဆင်တန်ဆာမျိုးစုံ ဖန်တီးပေါင်းစပ်ကြသည်။

မြောင်လူမျိုးစု အမျိုးသမီးများသည် အပ်ကို ကလောင်တံလည်းကောင်း၊ ချည်မျှင်ကို မင်အဖြစ်လည်းကောင်း၊ အထည်ကို စာရွက်အဖြစ်လည်းကောင်း အသုံးပြုကြသည်။ မြောင်လူမျိုးစု၏ ဝတ်စုံတစ်စုံ ဖြစ်ပေါ်လာရန်အတွက် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း၊ အထည်ဖြတ်တောက်ခြင်း၊ ပန်းထိုးခြင်းနှင့် အထည်စများကို ဆက်စပ်ချုပ်လုပ်ခြင်း စသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်သန်းရလေ့ရှိသည်။ ထိုသို့ဖြင့် ရှေးဟောင်းဒဏ္ဍာရီများ၊ သဘာဝလောကရှိ အရာဝတ္ထုအမျိုးမျိုးနှင့် ဘိုးဘေးဘီဘင်တို့၏ အမှတ်တရများကို အင်္ကျီရင်ဖုံးထက်၌ မြှုပ်နှံဆင်ယင်ထားကြသည်။

လိပ်ပြာရိုးရာပန်းခက်ပုံစံများသည် သက်ရှိဘဝနှင့် မျိုးဆက်ပွားများခြင်းကို ပြယုဂ်ပြုဖော်ညွှန်းပြီး၊ ငှက်ပုံစံ ရိုးရာပန်းခက်များသည် လွတ်လပ်ခြင်း၊ မင်္ဂလာရှိခြင်းနှင့် ကံကောင်းခြင်းတို့ကို ဆန္ဒပြု ဖော်ကျူးထားသည်။ ပန်းနှင့်သစ်ပင် ရိုးရာပန်းခက်ပုံစံများကမူ သဘာဝတရား၏ သက်ဝင်လှုပ်ရှားမှု၊ စိမ်းလန်းစိုပြည်မှုနှင့် ဇီဝစွမ်းအားအပေါ် ချီးကျူးဂုဏ်ပြုမှုကို ဖော်ပြလျက်ရှိသည်။

ဝတ်စုံပေါ်ရှိ အဆင်တန်ဆာပုံစံများသည် မြောင်လူမျိုးစုတို့၏ သဘာဝတရားအပေါ် လေ့လာစူးစမ်းမှုနှင့် စိတ်ကူးပုံဖော်မှုများကို ထင်ဟပ်ဖော်ပြနေသကဲ့သို့ ဘိုးဘွားဘီဘင်များ၊ ဘိုးဘွားပိုင်မွေးရပ်ဇာတိမြေများနှင့် မျိုးဆက်တိုးပွား ရှင်သန်တည်တံ့ရေးအပေါ် ထားရှိသည့် နက်ရှိုင်းလှသော ခံစားချက်သံယောဇဉ်များကိုလည်း ဆောင်ကြဉ်းဖော်ညွှန်းထားသည်။

မြောင်လူမျိုးစုတို့၏ ငွေထည်အဆင်တန်ဆာများဖြစ်သည့် ငွေသရဖူ၊ ငွေဦးချို၊ ငွေလည်ဆွဲ၊ ငွေဆွဲပြားနှင့် ငွေအင်္ကျီကြယ်သီးနှင့် အလှဆင်ပြားများ စသည်တို့ကို ခတ်လုပ်ခြင်း၊ ပန်းပုထုခြင်း၊ ငွေနန်း၊ ငွေခြည်ခတ်ခြင်းနှင့် ဂဟေဆက်ခြင်း စသည့် ရိုးရာလက်မှုပညာများဖြင့် အဆင့်ဆင့် ပြုလုပ်ကြရသည်။ ယင်းငွေထည်လက်ရာများသည် အလှအပကို မြတ်နိုးတွယ်တာစွာ ရှာဖွေဖန်တီးမှုကို ထင်ဟပ်ဖော်ပြနေသကဲ့သို့ ကောင်းခြင်းမင်္ဂလာ ဆုမွန်ကောင်းများ၊ ဆုတောင်းမျှော်လင့်ချက်များနှင့် လူမျိုးစုဆိုင်ရာ ကိုယ်ပိုင်အမှတ်လက္ခဏာ ခံယူသိမှတ်မှုတို့ကိုလည်း သယ်ဆောင်ဖော်ပြနေသည်။

မြောင်လူမျိုးနှစ်သစ်ကူးပွဲတော်၊ မြောင်ညီအစ်မပွဲတော်၊ ထိမ်းမြားမင်္ဂလာ အခမ်းအနား စသည့် ရိုးရာပွဲတော်များနှင့် ဘဝတစ်လျှောက် ကြုံတွေ့ရသည့် ရိုးရာဓလေ့ထုံးတမ်း အခမ်းအနားများတွင် ခမ်းနားဆန်းကြယ်သော ရိုးရာဝတ်စားဆင်ယင်မှုသည် အရေးပါသော ရိုးရာအခမ်းအနားထုံးတမ်းစဉ်လာ အနှစ်သာရကို ဆောင်ကြဉ်းထားသည်။ လူတို့သည် ဝတ်စားဆင်ယင်မှုမှတစ်ဆင့် မိမိတို့၏ လူမျိုးစုဆိုင်ရာ အမှတ်လက္ခဏာကို ဖော်ပြခြင်း၊ ကောင်းခြင်းမင်္ဂလာ ဆုမွန်ကောင်းများကို လက်ဆင့်ကမ်းဖော်ပြခြင်း၊ သွေးရင်းဆွေမျိုးတော်စပ်မှု အဆက်အသွယ်နှင့် သံယောဇဉ်ကို ဆက်လက်ထိန်းသိမ်းစည်းနှောင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး အတူတကွ ဆင်နွှဲကျင်းပကြသော ရိုးရာပွဲတော်များအတွင်း ယဉ်ကျေးမှုဆိုင်ရာ ခိုကိုးရာနှင့် မိမိတို့၏ ယဉ်ကျေးမှုအပေါ် သက်ဆိုင်ပတ်သက်မှုခံယူချက်ကို ပိုမိုခိုင်မာလာစေသည်။

ပွဲတော်များ ကျင်းပသည့်အခါတိုင်း မြောင်လူမျိုးစုဝင်များသည် ခမ်းနားဆန်းကြယ်သော ရိုးရာဝတ်စုံများကို ဆင်ယင်ဝတ်ဆင်ထားပြီး ငွေထည်အဆင်တန်ဆာများကို ဆင်ယင်ပန်ဆင်ကာ လူစိန်း ရိုးရာလေမှုတ်တူရိယာသံနှင့် သီချင်းသံ၊ အကအခုန်များကြားတွင် စုဝေးဆင်နွှဲကြသည်။ ငွေထည်အဆင်တန်ဆာများ တစ်ခုနှင့်တစ်ခု ထိခတ်ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသည့် ကြည်လင်ပြတ်သား၍ သာယာနားဝင်ချိုသော တကျွင်ကျွင်မြည်သံသည် အချိန်ကာလများကို ဖြတ်ကျော်၍ ရှေးယခင်မှ တိုင်းရင်းသားတို့၏ သမိုင်းကြောင်း သတိရအမှတ်ရမှုများနှင့် လိုက်ဖက်ညီစွာ ပြန်လည်ဆုံစည်းကြသည့် ပဲ့တင်ထပ်သံပင် ဖြစ်သည်။

အပ်တစ်ချက်၊ ချည်တစ်မျှင်စီတိုင်းမှတစ်ဆင့် ယဉ်ကျေးမှုတစ်ခု၏ ဖြစ်တည်မှုကို ရင်ဖွင့်ပြောပြနေသည်။ ခမ်းနားထည်ဝါသော ရိုးရာဝတ်စုံတစ်စုံသည် သမိုင်းစဉ်ဆက်တစ်လျှောက် ဖြစ်တည်ခဲ့မှုများကို အလင်းရောင်ပြန်ဟပ်နေသည်။ ၎င်းတို့သည် နှစ်ကာလများ တရွေ့ရွေ့ ကူးပြောင်းစီးဆင်းသွားမှုကို သက်သေခံနေသကဲ့သို့ ယဉ်ကျေးမှု ပေါင်းဆုံကူးလူးဆက်ဆံမှုကိုလည်း ထင်ဟပ်ဖော်ပြနေပြီး၊ ရှေးဦးဓလေ့ထုံးတမ်း အမှတ်တရများကို ထိန်းသိမ်းဆောင်ကြဉ်းမှုကို ဖော်ပြလျက်ရှိသကဲ့သို့ အသစ်တစ်ဖန် ရှင်သန်တက်ကြွမှုများကိုလည်း ဖော်ဆောင်လျက်ရှိသည်။

ကျေးလက်ရိုးရာလက်မှုပညာ အလုပ်ရုံများမှသည် နိုင်ငံတကာ ဖက်ရှင်စင်မြင့်များအထိ မြောင်လူမျိုးစု၏ ရိုးရာဝတ်စုံများတွင် ပါဝင်သော ရိုးရာပန်းခက်အဆင်ပုံစံများနှင့် လက်မှုအတတ်ပညာများသည် ခေတ်သစ်ဒီဇိုင်းလက်ရာများနှင့် အစဉ်မပြတ် ပေါင်းစပ်ရောယှက်ဆန်းသစ်လာလျက်ရှိသည်။ လူမျိုးစုဆိုင်ရာ အလှအပဗေဒသည် ခေတ်ပြိုင်လူနေမှုဘဝအတွင်း တောက်ပထွန်းလင်းသော အလှသစ်ဖြင့် ပြန်လည်ပေါ်လွင်လာပြီး၊ အစဉ်အဆက် လက်ဆင့်ကမ်းထိန်းသိမ်းခြင်းနှင့် ဆန်းသစ်တီထွင်မှုတို့၏ ပေါင်းဆုံမှုအောက်တွင် ရှင်သန်မှုစွမ်းအားကို ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းလျက်ရှိသည်။ (Xinhua)

----------------------

(Chinese Version)

文化中国行丨衣冠里的苗家文化

苗族在千百年的繁衍与迁徙中,孕育出灿烂的民族文化,苗族服饰是其鲜活载体之一——以独特的审美表达和精湛的传统技艺,将对自然、生活与美好未来的理解融入针线纹饰之中。

苗族妇女以针为笔、以线为墨,以布为纸。一件苗族服装的诞生,往往需要经历纺织、染色、裁剪、刺绣、拼接等多道工序,将古老传说、自然万物、祖先记忆嵌入衣襟。

蝴蝶纹样象征生命与繁衍,鸟纹寄托自由与吉祥,花草纹样则展现着对自然生机的赞美……服饰上的纹饰图案,寄托着苗族人民对自然的观察与想象,承载着对祖先、故土和生命繁衍的深厚情感。

苗族银饰如银冠、银角、银项圈、银锁、银衣片等,其锻造需经錾刻、编丝、焊接等传统工艺,既体现了对美的追求,也承载着祝福、祈愿与民族身份认同。

在苗年、姊妹节、婚嫁庆典等节日与人生礼仪中,盛装具有重要的仪式意义。人们通过服饰表达身份、传递祝福、维系亲缘,在共同的节庆中强化文化归属感。每逢节庆,苗族儿女身着盛装、佩戴银饰,于芦笙与歌舞中相聚,银饰碰撞的清脆声响,仿佛穿越时光,与古老的民族记忆遥相呼应。

一针一线,诉说一种文化;一袭盛装,映照一段历史。它们见证岁月流转,也映照文化交融,承载古老记忆,也焕发新的生机。从村寨传统工坊,到国际时尚舞台,苗族服饰的传统纹样与手工技艺正与现代设计不断融合,民族美学在当代生活中焕发新的光彩,在传承与创新中延续生命力。

图说 1 :苗族绣娘在台江县施洞镇白枝坪村制作绣片(2026年10月9日摄)。新华社记者 陶亮 摄

图说 2 :苗族绣娘在台江县老屯乡长滩村交流刺绣技艺(2026年10月9日摄)。新华社记者 陶亮 摄

မြောင်တိုင်းရင်းသူ ပန်းထိုးလက်မှုပညာရှင်များသည် ထိုင်ကျန်းခရိုင်၊ လောက်ထွန်းကျေးရွာစု၊ ချန်ထန်းရွာ၌ ပန်းထိုးလက်မှုပညာရပ်များကို အပြန်အလှန် ဖလှယ်ဆွေးနွေးနေကြသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar