Xinhua Myanmar

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နောက်တစ်ဆင့်ဖွံ့ဖြိုးတိုးတက်ရေး ဝမ်ရိ ပြောကြား

၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ပေကျင်းမြို့တွင် ၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပစဉ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နောက်တစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အကြံပြုချက် ၅ ရပ်ကို အဆိုပြုခဲ့သည်။

ပထမအချက်မှာ စည်းလုံးညီညွတ်ရေးနှင့် ကိုယ်ထူကိုယ်ထလုပ်ဆောင်နိုင်မှုတိုးတက်ရေး စုပေါင်းအင်အားသစ်တစ်ရပ်ကို စုစည်းရန် ဖြစ်သည်။

"တန်းတူညီမျှဆက်ဆံခြင်း၊ ရိုးသားစွာ အပြန်အလှန် ဖေးမကူညီခြင်း၊ မိသားစုကဲ့သို့ ချစ်ခင်ရင်းနှီးခြင်း" ဆိုသည့် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို မြှင့်တင်ကာ “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်လှုပ်ရှားမှု စီမံကိန်း” ကို ကောင်းစွာ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အလွှာအသီးသီးမှ ကူးလူးဖလှယ်မှုနှင့် မူဝါဒညှိနှိုင်းဆွေးနွေးမှုကို နီးကပ်စေရန်၊ ထိပ်တန်းအဆင့် အစီအစဉ်ရေးဆွဲမှုကို အားကောင်းစေပြီး မဟာဗျူဟာမြောက် သဘောတူညီမှုကို စုစည်းရန်၊ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးအတွက် ဦးတည်ချက် သတ်မှတ်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊  စီမံခန့်ခွဲမှု အတွေ့အကြုံ အပြန်အလှန် လေ့လာဖလှယ်မှုကို အားကောင်းစေပြီး ကွဲလွဲမှုနှင့် အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံရေးခံနိုင်ရည်ကို မြှင့်တင်ရန်၊ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းကြီးကို လက်တွဲအတူ ကာကွယ်ထိန်းသိမ်းရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ တံခါးဖွင့်လှစ်၍ ဘုံအကျိုးဖြစ်ထွန်းသော စင်မြင့်သစ်ကို တည်ဆောက်ရန် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးရေးမဟာဗျူဟာများ ချိတ်ဆက်မှုကို အားကောင်းစေကာ "နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးလမ်းကြောင်းအသစ်" ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ ကြီးမားသော ဒေသတွင်း ကုန်သွယ်စီးပွားဈေးကွက်၊ ကြီးမားသော ဘဏ္ဍာရေးစီးဆင်းမှု၊ ကြီးမားသော အခြေခံအဆောက်အအုံ ဆက်သွယ်မှု၊ ကြီးမားသော လူမှုယဉ်ကျေးမှု ဖလှယ်မှုများကို တွန်းအားပေး ဆောင်ရွက်ကာ လန်ချန်း-မဲခေါင် စီးပွားရေးဖွံ့ဖြိုးမှုရပ်ဝန်းကို အတူတကွ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်မှု၊ အဆင်ပြေလွယ်ကူမှုရှိစေရန် မြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူးတွဲသုတေသနပြုမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်သင်ကြားမှုတို့ကို အားကောင်းစေကာ လန်ချန်း-မဲခေါင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ တည်ထောင်ရန် တွန်းအားပေးပြီး "လန်ချန်း-မဲခေါင် သိပ္ပံနည်းပညာဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အထူးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်" ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် မျှဝေရေး ပလက်ဖောင်း တည်ဆောက်မှုကို တွန်းအားပေးကာ လေထုအရည်အသွေး စီမံခန့်ခွဲမှုနှင့် စောင့်ကြည့်စစ်ဆေးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ခရီးသွားလာရေး၊ မီဒီယာနှင့် Think Tank အဖွဲ့များ ပူးပေါင်းဖလှယ်မှုကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို အဓိကထား၍ "သေးငယ်သော်လည်း ကောင်းမွန်လှပ" သည့်  ပြည်သူ့အကျိုးပြု စံပြစီမံကိန်းများ ပိုမိုဖန်တီးကာ မြစ်ဝှမ်းဒေသ ပြည်သူများ၏ အကျိုးရရှိခံစားမှုကို လက်တွေ့ တိုးမြှင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။   

တတိယအချက်မှာ အစိမ်းရောင်ကဏ္ဍ စမ်းသစ်ဖန်တီးမှု တွန်းအားသစ်ကို ပျိုးထောင်ရန် ဖြစ်ကြောင်း ဝမ်ရိ က ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ဉာဏ်ရည်မြင့်ထုတ်လုပ်မှု၊ ဉာဏ်ရည်မြင့်စိုက်ပျိုးရေး စသည့် ထွန်းသစ်စနယ်ပယ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ဉာဏ်ရည်တုဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ဖော်ဆောင်ရေး ပူးတွဲအဆိုပြုချက်ကို မြှင့်တင်ရန်၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးပတ်ဝန်းကျင်ဆိုင်ရာ ပူးတွဲကြေညာချက် စသည့် ခေါင်းဆောင်များအစည်းအဝေး ရလဒ်စာရွက်စာတမ်းများ သဘောတူညီချက်ရရှိရေးကို အရှိန်မြှင့်တင်ကာ ဒေသတွင်း စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို သစ်လွင်သော၊ ဉာဏ်ရည်မြင့်သော၊ စိမ်းလန်းသော အသွင်သို့ ကူးပြောင်းရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ပိုမိုများပြားစွာ ပါဝင်ကြရန် ကြိုဆိုကြောင်း၊ "လန်ချန်း-မဲခေါင် အနာဂတ်ကြယ်ပွင့်"  စံပြ အကျိုးသက်ရောက်မှု အခန်းကဏ္ဍဖြင့်  လန်ချန်း-မဲခေါင် လူငယ် အာကာသသိပ္ပံသုတေသနစင်တာကို အားကောင်းစေပြီး "လန်ချန်း-မဲခေါင် နိုင်ငံများ၏ တက္ကသိုလ်များ မဟာမိတ်" ဖွဲ့စည်းရန် တွန်းအားပေးကာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရေးအတွက် လူငယ်စွမ်းအားကို ဖြည့်တင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအချက်မှာ လုံခြုံရေးကဏ္ဍ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု အကာအကွယ်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှု ဟူသည့် အာရှတန်ဖိုးအမြင်များနှင့် ဘုံဖြစ်သော၊ ဘက်စုံဖြစ်သော၊ ပူးပေါင်းဆောင်ရွက်သော၊ ရေရှည်တည်တံ့သော လုံခြုံရေးအမြင်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုနှင့် အုပ်စုဖွဲ့၍ ထိပ်တိုက်ရင်ဆိုင်မှုအား လှုံ့ဆော်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကာ အခြားသူများကို ဖယ်ထုတ်ထားသည့် "အသိုက်အဝန်းငယ်" ဖွဲ့စည်းခြင်းကို ခုခံတွန်းလှန်ရမည်ဖြစ်ကြောင်း၊ စစ်ဝါဒမီးစ ပြန်လည်တောက်လောင်လာခြင်းကို လုံးဝဥဿုံခွင့်ပြု၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး၏ အခန်းကဏ္ဍကို အသုံးပြုကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အတုအပပြုလုပ်ခြင်းနှင့် မှောင်ခိုသယ်ဆောင်ခြင်း စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သည့်လုပ်ရပ်များအား ပူးတွဲတိုက်ဖျက်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊  "ဘေးကင်းလုံခြုံသော လန်ချန်း-မဲခေါင် လှုပ်ရှားမှု" နှင့် မဲခေါင်မြစ်ဝှမ်း ပူးတွဲကင်းလှည့်မှုနှင့် ဥပဒေစိုးမိုးရေး လှုပ်ရှားမှုများကို ဆက်လက် ကောင်းမွန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဉ္စမအချက်မှာ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အချက်သစ်ကို တည်ဆောက်ရန် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင် နယ်စပ်ဖြတ်ကျော် ဘေးအန္တရာယ်ကြိုတင်သတိပေးရေး ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ထောင်ရန် တွန်းအားပေးပြီး လန်ချန်း-မဲခေါင် နိုင်ငံများ၏  မိုးလေဝသ၊ ဇလဗေဒ၊ ဘူမိဗေဒ၊ သစ်တောမီး စသည့် အရင်းအမြစ်များစွာမှ ဒေတာများကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်သည့် ယန္တရား ထူထောင်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ဘေးအန္တရာယ် စောင့်ကြည့်တိုင်းတာခြင်း၊ အစောပိုင်းကြိုတင်သတိပေးခြင်းနှင့် အရေးပေါ်တုံ့ပြန်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပြီး ဒေသတွင်း မိုးလေဝသဘေးအန္တရာယ် စောင့်ကြည့်တိုင်းတာခြင်းနှင့် အစောပိုင်းကြိုတင်သတိပေးရေး ကွန်ရက်ကို တည်ဆောက်ရန်၊ ငလျင်ကြိုတင်သတိပေးရေး စံပြကွန်ရက် တည်ဆောက်၍ ဘေးအန္တရာယ်ကာကွယ်ရေး၊ လျော့ပါးရေးနှင့် ကယ်ဆယ်ရေးစွမ်းရည်ကို အတူတကွ မြှင့်တင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

王毅谈澜湄合作下阶段发展

新华社北京11月4日电(记者邵艺博)11月4日,中共中央政治局委员、外交部长王毅在北京主持澜沧江-湄公河合作第十一次外长会时,就澜湄合作下阶段发展提出五点建议:   

一是凝聚团结自强新合力。要弘扬“平等相待、真诚互助、亲如一家”的澜湄文化,落实好《澜湄合作五年行动计划》,密切各层级交往和政策沟通,加强顶层设计、凝聚战略共识,为合作升级锚定方向。加强治理经验交流互鉴,坚持以对话协商化解分歧争端、以发展合作增强安全韧性,携手维护友好合作大局。   

二是构筑开放共赢新高地。加强发展战略对接,深化“国际陆海贸易新通道”合作,推进地区经贸大市场、金融大流通、基础设施大联通、人文大交流,共同打造澜湄流域经济发展带。促进区域贸易投资自由化便利化。加强联合研究、技术合作和人员培训,推动成立澜湄减贫合作中心,落实好“澜湄科技减贫专项合作计划”。推进水资源合作信息共享平台建设,深化空气质量管理监测合作,加快推动旅游、媒体、智库合作交流。以澜湄合作专项基金为抓手,打造更多“小而美”民生示范项目,切实增加流域民众的获得感。   

三是培育绿色创新新动能。要拓展数字经济、人工智能、智能制造、智慧农业等新兴领域合作,加快就人工智能赋能数字化转型共同倡议,加强产供链合作、共同提升营商环境的联合声明等领导人会议成果文件达成一致,推动地区产业合作向新、向智、向绿转型。中方欢迎更多湄公河国家加入世界人工智能合作组织。发挥“澜湄未来星”示范带动效应,做强澜湄青年天体科学研究中心,推动建立“澜湄国家大学联盟”,为推进创新合作注入青春动力。   

四是筑牢安全协作新屏障。弘扬和平、合作、开放、包容的亚洲价值观和共同、综合、合作、可持续的安全观,坚决反对外部干涉介入和挑动阵营对抗,抵制构建排他性“小圈子”,决不允许军国主义死灰复燃。发挥澜湄执法安全合作部长级会议作用,加大联合打击网络赌博、电信诈骗、毒品贩运、制假走私等跨境犯罪活动,继续办好“平安澜湄行动”和湄公河联合巡逻执法行动。   

五是打造灾害治理新亮点。推动建立澜湄跨境灾害预警合作机制,成立澜湄国家水文、气象、地质、林火等多源数据实时交换机制,加强同湄公河国家灾害监测、早期预警和应急响应合作,构建地区气象灾害监测与早期预警网络,开展地震预警示范台网建设,共同提升防灾减灾救灾能力。(完)

图说: 11月4日,澜沧江-湄公河合作第十一次外长会在北京举行。新华社记者 田宇 摄

မူရင်းသတင်း — Xinhua Myanmar