နေပြည်တော် နိုဝင်ဘာ ၅
မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချ လုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံ များအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ တရားမဝင် အဆောက်အအုံ ကိုးလုံးကို စနစ်တကျဖြိုချ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးလျက်ရှိသည့် တရားမဝင် ခြောက်ထပ် အဆောက်အအုံ တစ်လုံးမှာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်း ဖြိုချပြီးစီးခဲ့သည့်အတွက် ယနေ့အထိ တရားမဝင် အဆောက်အအုံ ကိုးလုံး ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်းနှင့် ထပ်မံ၍ ခြောက်ထပ် အဆောက်အအုံ တစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာလည်း ယနေ့အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချ ဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့် မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချ ဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့် အဆောက်အအုံ လေးလုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ငါးလုံး စုစုပေါင်း အဆောက်အအုံ ကိုးလုံးတို့ကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅၄ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်း အင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်