ရန်ကုန် နိုဝင်ဘာ ၅
ဘိလိယက်နှင့် စနူကာအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ၍ “၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ”နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပ သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရအားကစားသမားများ တက်ရောက်၍ ဗိုလ်လုပွဲများဖြစ်သော 9 Ball Pool ၊ ဘိလိယက်၊ စနူကာ6-Red နှင့် စနူကာ15-Red ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ အမျိုးသားဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျော်စွာဝင်း (ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသည့် ဝင်းကိုကို(မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသည့် ဇော်လင်းနု(ချင်းပြည်နယ်)နှင့် ပူးတွဲတတိယဆုရရှိသည့် သီဟံစိုး(စစ်ကိုင်းတိုင်းဒေသကြီး)တို့နှင့် အမျိုးသားဘိလိယက်ပြိုင်ပွဲတွင် ၈၂ မှတ်ဖြင့် အမှတ်အများဆုံး (Highest Break) ဆုဖလားရရှိသွားသော ဝင်းကိုကို(မန္တလေး တိုင်းဒေသကြီး)တို့အား ဧရာဝတီတိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက လည်းကောင်း၊ အမျိုးသား စနူကာ15-Red တစ်ဦး ချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကောင်းစျာန်ထက် (မကွေးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော အောင်ညီညီမောင် (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော နိုင်ဝင်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် ပူးတွဲတတိယဆုရရှိသော မာန်ဟိန်းကျော် (မန္တလေးတိုင်းဒေသကြီး)တို့နှင့် အမျိုးသားစနူကာ 15-Red ပြိုင်ပွဲတွင် ၆၈ မှတ်ဖြင့် အမှတ်အများဆုံး (Highest Break)ဆုဖလား ရရှိသွားသော ကမ္ဘာလင်း (ရှမ်းပြည်နယ်)တို့အား မကွေးတိုင်း ဒေသကြီး ဘိလိယက်နှင့် စနူကာဆပ်ကော်မတီဥက္ကဋ္ဌ ဦးမင်းထွန်းဦးက လည်းကောင်း၊ အမျိုးသမီးစနူကာ6-Red ပြိုင်ပွဲ တွင် ပထမဆုရရှိသော အေမီအောင်(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ဖြူစင်အောင်(မန္တလေး တိုင်းဒေသကြီး)၊ တတိယဆုရရှိသော စန်းစန်းမော်(ရန်ကုန်တိုင်းဒေသကြီး)နှင့် ပူးတွဲတတိယဆုရရှိသော အေးအေးမြတ်(ရှမ်းပြည်နယ်) တို့နှင့် အမျိုးသမီးစနူကာ 6-Red ပြိုင်ပွဲတွင် အမှတ်အများဆုံး(Highest Break) ဆုဖလား ရရှိသွားသော ဖြူစင်အောင်(မန္တလေးတိုင်းဒေသကြီး)တို့အား ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာ ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်ဦးက လည်းကောင်း၊ အမျိုးသားစနူကာ 6-Red ပြိုင်ပွဲ တွင် ပထမဆုရရှိသော ကိုကိုချစ် (ကရင်ပြည်နယ်) ၊ ဒုတိယဆုရရှိသော မင်းစည်သူထွန်း (မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော သျှံထွန်းအောင် (ချင်းပြည်နယ်)နှင့် ပူးတွဲတတိယဆုရရှိသော သူရဇော်(ရန်ကုန်တိုင်းဒေသကြီး) တို့နှင့် အမျိုးသား စနူကာ 6-Red ပြိုင်ပွဲတွင် ၅၃ မှတ်ဖြင့်အမှတ် အများဆုံး(Highest Break)ဆုဖလားရရှိသွားသော အောင်နိုင်စိုး (ရန်ကုန်တိုင်း ဒေသကြီး)တို့အား မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးအောင်ကိုကိုက လည်းကောင်း၊ အမျိုးသမီး 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ခေါန်ဆန့်(ရှမ်းပြည်နယ်)၊ ဒုတိယဆုရရှိသော သက်ဝါဝင်း(မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော ဝင်းမာလာအောင်(မွန်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော သန္တာတိုးအောင်(မွန်ပြည်နယ်)တို့နှင့် အမျိုးသား 9 Ball Pool တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော အောင်ဖြိုး(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော စိုင်းကွမ်းမိုင်း(ရှမ်းပြည်နယ်)၊ တတိယဆုရရှိသော အောင်မြင့် (ကချင်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော ခန့်မင်းထွန်း(စစ်ကိုင်းတိုင်းဒေသကြီး)တို့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်သည်။
ထို့ပြင် ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် ပူးတွဲအမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့အား မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်က လည်းကောင်း၊ ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် သုံးခုဖြင့် စုပေါင်းတံခွန်စိုက်ဆု ဖလား ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်