Myanmar Digital News

MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် Victoria အသင်း ရှုံးပွဲကြုံတွေ့သဖြင့် SGF Youth အသင်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်

ရန်ကုန်   နိုဝင်ဘာ   ၅

၂၀၂၆ MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇)ကို နိုဝင်ဘာ ၅ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ Victoria အသင်း ရှုံးပွဲကြုံတွေ့သဖြင့် SGF Youth အသင်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့သည်။

ပွဲစဉ်(၁၆)အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရမှတ်တူအပြိုင်ဖြစ်နေသည့် နှစ်သင်းအနက် Victoria အသင်း ရှုံးပွဲကြုံတွေ့သဖြင့် SGF Youth အသင်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ 

ပွဲစဉ် (၁၇) တွင် SGF Youth အသင်းက Mahar Burma အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Avenger Junior အသင်းက TKA Star အသင်းကို သုံးဂိုး-နှစ်ဂိုး၊ Jullniss အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုး၊ FFU မင်းမဟော်အသင်းက ဘူရှီဒိုအသင်းကို ခုနစ်ဂိုး-နှစ်ဂိုး၊ Pacific Sun Far အသင်းက Victoria အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး United City အသင်းနှင့် မာရိန်းအသင်း ဂိုးမရှိသရေကျခဲ့သည်။

ပွဲစဉ် (၁၇) အပြီးတွင် SGF Youth အသင်းက ၄၄ မှတ်၊ Victoria အသင်းက ၄၁ မှတ်၊ FFU မင်းမဟော် အသင်းနှင့် Pacific Sun Far အသင်းက ၃၂ မှတ်စီ၊ Mahar Burma အသင်းက ၃၁ မှတ်၊ Avengers Junior အသင်းက ၂၇ မှတ်၊ United City အသင်းက ၂၅ မှတ်၊ Jullniss အသင်းက ၂၄ မှတ်၊ TKA Star အသင်းက ၁၉ မှတ်၊ ဘူရှီဒိုအသင်းက ၁၀ မှတ်၊ မာရိန်းအသင်းက ငါးမှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက လေးမှတ်ရရှိထားသည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MFF

မူရင်းသတင်း — Myanmar Digital News