ရန်ကုန် နိုဝင်ဘာ ၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့ကကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ် (၄) ပထမနေ့ကို နိုဝင်ဘာ ၅ ရက်က ပဒုမ္မာကွင်း၌ကျင်းပရာ ရခိုင်ယူနိုက်တက်အသင်းက VUE နေပြည်တော်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ပြီးခဲ့သည့်ရာသီအပြီးတွင် တန်းဆင်းလာရသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယခုရာသီတွင် M-League II ပြိုင်ပွဲ ၌ ခြေစွမ်းပြနေပြီး လေးပွဲဆက်အနိုင်ရခဲ့သည်။ ရှုံးပွဲမရှိသေးသည့်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်းက ရာနှုန်းပြည့်နိုင်ပွဲဖြင့် ရာသီအစ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့ သည်။ ရခိုင်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၁ မိနစ်တွင် ထွန်းနိုင်စိုးက သွင်းယူသည်။ လက်ရွေးစင်ဟောင်းများဖြစ်သည့် တင်ဝင်းအောင်နှင့် မျိုးမင်းလတ် (ဂိုး) တို့ ဦးဆောင်လာသည့် VUE နေပြည်တော်အသင်းသည် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရခိုင်ယူနိုက်တက်အသင်းမှ ညီညီထွန်းကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်ငါးသိန်းရရှိသည်။
ပွဲစဉ် (၄) ဒုတိယနေ့ကို နိုဝင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ကွင်း၌ Enjoy Brother အသင်း နှင့် Elite Kings အသင်း၊ ပဒုမ္မာကွင်း၌ ရွိုင်ရယ်ဒဂုံအသင်းနှင့် Asia Lion အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MLeague