Xinhua Myanmar

တရုတ်နိုင်ငံ၏ ဒုတိယမြောက် ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီးကို ရှန်ဟိုင်းမြို့၌ လွှဲပြောင်းပေးအပ်

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ နိုင်ငံတော် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) ၏ ကုမ္ပဏီခွဲ Shanghai Waigaoqiao Shipbuilding Co., Ltd. ၏ အပျော်စီးသင်္ဘော Adora Flora City ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြည်တွင်း၌ တည်ဆောက်ထားသည့် ဒုတိယမြောက် အပျော်စီးသင်္ဘောကြီး Adora Flora City ကို နိုဝင်ဘာ ၆ ရက်၌ ရှန်ဟိုင်းမြို့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထူးခြားသော တရုတ်နိုင်ငံ၏ ဟန်ပန်ရှိသည့် ဝိသေသလက္ခဏာများ ပါဝင်သော ထိုအပျော်စီးသင်္ဘောသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော်ကွမ်ကျိုးရှိ နန်ရှား အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောဆိပ်ကမ်းမှတစ်ဆင့် ၎င်း၏ ပထမဆုံး ခရီးစဉ်ရာသီကို စတင်ရန် စီစဉ်ထားသည်။

Adora Flora City သင်္ဘောကို တရုတ်နိုင်ငံ သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) ၏ ကုမ္ပဏီခွဲ Shanghai Waigaoqiao Shipbuilding Co., Ltd. က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘော တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်တွင် စတင်ခဲ့သည်။

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောဖြစ်သည့် Adora Magic City နှင့် နှိုင်းယှဉ်ပါက ယခုသင်္ဘော တည်ဆောက်မှုတွင် စုစုပေါင်း ထိရောက်မှုနှုန်း ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။ သင်္ဘောအသစ်သည် ပိုမိုကြီးမားပြီး သင်္ဘောပေါ်တွင် ပိုမိုခေတ်မီသော စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားသည်။ ၎င်း၏ စုစုပေါင်း တန်ချိန်ပမာဏမှာ ၆,၄၀၀ တန် တိုးလာပြီး ၁၄၁,၉၀၀ တန် ရှိလာသလို စုစုပေါင်း အလျားမှာလည်း ၁၇.၄ မီတာ တိုးလာကာ ၃၄၁ မီတာ ရှိလာသည်။ ၎င်းတွင် ခရီးသည်ခန်း ၂,၁၃၀ ခန်း ပါဝင်ပြီး ခရီးသည် ၅,၂၃၂ ဦးအထိ တင်ဆောင်နိုင်ကြောင်း သိရသည်။

အပျော်စီးသင်္ဘောကြီးများသည် ကမ္ဘာလုံးဆိုင်ရာ စက်မှုစနစ်တွင် အရှုပ်ထွေးဆုံးနှင့် အကြီးမားဆုံးသော စနစ်အင်ဂျင်နီယာလုပ်ငန်း စီမံကိန်းများအနက် အပါအဝင်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ် အပျော်စီးသင်္ဘော စီမံကိန်းမှ လုပ်ငန်းခွင်ကွပ်ကဲရေးမှူးချုပ်နှင့် ဒီဇိုင်နာချုပ် ချန်ကန်း က ပြောကြားခဲ့သည်။

Adora Flora City တွင် အစိတ်အပိုင်းပေါင်း ၂၅ သန်းခန့် ပါဝင်ပြီး ၎င်းသင်္ဘောက ဆက်စပ်ထောက်ပံ့ရေးလုပ်ငန်းရှင်‌အရေအတွက် ၁,၅၀၀ ခန့်၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမောင်းနှင်လျက်ရှိရာ တရုတ်နိုင်ငံ၏ ဘက်စုံစက်မှုစွမ်းအားနှင့် အဆင့်မြင့်ထုတ်လုပ်မှုအဆင့်အတန်းကို ထင်ဟပ်ဖော်ပြနေကြောင်း Chen Gang က ဖြည့်စွက်ပြောကြားခဲ့သည်။

လွှဲပြောင်းပေးအပ်ပြီးနောက် Adora Flora City သည် ၎င်း၏ စီစဉ်ထားသော ပထမဆုံး ခရီးစဉ်မစတင်မီ စမ်းသပ်ခရီးစဉ်များ ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာ ၁၂ ရက်တွင် နန်ရှား အပြည်ပြည်ဆိုင်ရာ အပျော်စီးသင်္ဘောဆိပ်ကမ်းသို့ ရောက်ရှိရန် စီစဉ်ထားပြီး ပထမဆုံး ခရီးစဉ်ရာသီကို နိုဝင်ဘာ ၂၂ ရက်တွင် စတင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ (Xinhua)

...........................

(English Version)

China's second homegrown large cruise ship delivered in Shanghai

SHANGHAI, Nov. 6 (Xinhua) -- China's second domestically built large cruise ship, Adora Flora City, was delivered in Shanghai on Friday.

The cruise ship, which features distinctive Chinese-style characteristics, is scheduled to launch its inaugural season from the Nansha International Cruise Home Port in Guangzhou, capital of Guangdong Province in south China.

Adora Flora City was built by Shanghai Waigaoqiao Shipbuilding Co., Ltd., a subsidiary of China State Shipbuilding Corporation (CSSC). Construction of the cruise ship began in August 2022.

Compared with China's first domestically built large cruise ship, Adora Magic City, the overall construction efficiency improved by 20 percent, according to project figures. The new ship is larger, with more advanced onboard equipment. Its gross tonnage has increased by 6,400 tonnes to 141,900 tonnes, and its total length has increased by 17.4 meters to 341 meters. It has 2,130 guest cabins and can accommodate 5,232 passengers at full capacity.

Large cruise ships are among the most complex giant system engineering projects in the global industrial system, said Chen Gang, on-site chief commander and chief designer of China's domestically built large cruise ship project.

Adora Flora City has as many as 25 million parts and drives the development of about 1,500 upstream and downstream supporting suppliers, reflecting the country's comprehensive industrial strength and advanced manufacturing level, he added.

After delivery, Adora Flora City will conduct trial voyages and carry out various preparatory tasks before its scheduled maiden voyage. It is due to arrive at the Nansha International Cruise Home Port on Nov. 12, with its inaugural season set to begin on Nov. 22. ■

Photo captions: This photo taken on Nov. 6, 2026 shows the cruise ship Adora Flora City at Shanghai Waigaoqiao Shipbuilding Co., Ltd., a subsidiary of China State Shipbuilding Corporation Limited (CSSC), in Shanghai, east China. (Xinhua/Ding Ting)

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ နိုင်ငံတော် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) ၏ ကုမ္ပဏီခွဲ Shanghai Waigaoqiao Shipbuilding Co., Ltd. ၏ အပျော်စီးသင်္ဘော Adora Flora City ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar