
ဘန်ကောက်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်မည့် တံခါးပေါက်တစ်ခုကို ဖွင့်လှစ်ပေးသကဲ့သို့ အသေးစားလုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်း စံနမူနာများ စမ်းသပ်ရန်နှင့် ဝယ်သူရှာဖွေနိုင်ရန်အတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းကြီးများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန်အတွက်လည်းကောင်း အထောက်အကူပြုလျက်ရှိသည်ဟု တရုတ်နိုင်ငံရှိ ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ပိုင်ဂျစ် ဝီဘွန်တာနာဆန်က ပြောကြားခဲ့သည်။
တရုတ်ဈေးကွက်ထဲသို့ ဝင်ရောက်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များတွင် ပါဝင်ရန်အတွက် ယခုပြပွဲကို အကျိုးရှိရှိအသုံးချမည့် ထိုင်းကုမ္ပဏီအရေအတွက် ပိုမိုများပြားလာမည်ဟု မျှော်လင့်ကြောင်း ဘန်ကောက်မြို့၌ မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပိုင်ဂျစ်က ပြောကြားခဲ့သည်။
CIIE ပြပွဲသို့ အကြိမ်ကြိမ်တက်ရောက်ဖူးသူ ပိုင်ဂျစ်က အဆိုပါပြပွဲ၏ သွင်းကုန်အဓိကထားမှု၊ အရွယ်အစားမျိုးစုံရှိသော စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများနှင့် ကမ္ဘာတစ်ဝန်းမှ ပါဝင်မှုတို့ကို ထောက်ပြပြောဆိုလျက်"ထူးခြားဆန်းသစ်မှု"၊ "အခွင့်အလမ်း" နှင့် "တံခါးဖွင့်လှစ်မှု" ဟူသော စကားလုံးသုံးလုံးဖြင့် ထိုပြပွဲအား ရည်ညွှန်းပြောဆိုခဲ့သည်။
အဆိုပါ ပြပွဲသည် အထူးသဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖိုးတန် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုင်း SME လုပ်ငန်းအချို့က ပြပွဲသို့ တစ်ကြိမ်နှစ်ကြိမ်မျှသာ တက်ရောက်ခဲ့ပြီးနောက် ဝယ်လက်များနှင့် မိတ်ဖက်များကို ရှာဖွေတွေ့ရှိခဲ့ကြရာ လုပ်ငန်းအလျင်အမြန် တိုးတက်အောင်မြင်ရန် အခြေခံကောင်းများ ရရှိခဲ့ကြသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
"စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမှာစာတွေ ရရှိရုံတင်မကဘဲ သူတို့ရဲ့ထုတ်ကုန်တွေနဲ့ စီးပွားရေးလုပ်ငန်းပုံစံတွေက တရုတ်စားသုံးသူတွေကို ဆွဲဆောင်နိုင်စွမ်း ရှိမရှိဆိုတာကိုလည်း CIIE ပြပွဲကနေ လေ့လာခွင့်ရရှိကြပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ကုန်သည်ကြီးများအသင်းအနေဖြင့် ထိုင်းကော်ဖီနှင့် လက်ဖက်ရည်ဆိုင် လုပ်ငန်းခွဲများအား ၎င်းတို့၏ အမှတ်တံဆိပ်များကို မိတ်ဆက်ကြော်ငြာကာ လက်တွေ့ရောင်းချခြင်းမှတစ်ဆင့် ဈေးနှုန်းနှင့် အရသာအပေါ် စားသုံးသူများ၏ တုံ့ပြန်မှုများကို လေ့လာအကဲဖြတ်နိုင်ရန် အဆိုပါပြပွဲ၌ လက်တွေ့မိတ်ဆက်ပြသနိုင်မည့် ပြခန်းများ ဖွင့်လှစ်နိုင်အောင် အကူအညီပေးခဲ့သည်။
ထိုင်းနိုင်ငံမှ အခြားသော အသေးစားစီးပွားရေးလုပ်ငန်းများကလည်း ပြပွဲတွင် တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့် တွေ့ဆုံကာ လက်ဝတ်ရတနာကဲ့သို့သော ထုတ်ကုန်များကို လက်လီအရောင်းဆိုင်များတွင် တင်သွင်းရောင်းချနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု ပိုင်ဂျစ်က ဆိုသည်။
"ပူးပေါင်းဆောင်ရွက်မှုပုံစံတွေ အများကြီးရှိပါတယ်။ အဲဒါက သွင်းကုန်တင်သွင်းသူတွေကို ရှာဖွေရုံသက်သက် မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့ပြီး အဆိုပါ ပြပွဲသည် ကုမ္ပဏီများအတွက် အမှတ်တံဆိပ်များ တည်ဆောက်ရန်၊ အွန်လိုင်းနှင့် အော့ဖ်လိုင်းတို့မှ လက်လီရောင်းချရေး ကွန်ရက်များနှင့် ချိတ်ဆက်ရန်၊ မတူကွဲပြားသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေရန် အထောက်အကူပေးသည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် CIIE ပြပွဲကို အိမ်ရှင်အဖြစ် စဉ်ဆက်မပြတ် လက်ခံကျင်းပခြင်းနှင့် နိုင်ငံခြားကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ၎င်း၏ဈေးကွက်အား ဖွင့်လှစ်ပေးခြင်းတို့မှာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးအတွက် ၎င်း၏ ကတိကဝတ်ပြုမှုကို ပေါ်လွင်ထင်ရှားစေကြောင်း ပိုင်ဂျစ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261105/7d6462a5356147b7aca3be7c8711b8f4/c.html




..................................
(English Version)
Interview: CIIE a gateway to Chinese market for Thai businesses, says chamber leader
BANGKOK, Nov. 5 (Xinhua) -- The China International Import Expo (CIIE) offers Thai businesses a gateway to the Chinese market, helping smaller firms find customers and test business models while enabling larger companies to deepen cooperation, said Paijit Viboontanasarn, vice chairman and secretary general of the Thai Chamber of Commerce in China.
In a recent interview with Xinhua in Bangkok, Paijit said he hopes more Thai companies will use the expo to enter the Chinese market and become part of its supply and industrial chains for long-term growth.
Having attended the CIIE several times, Paijit described it in three words: "unique," "opportunity," and "openness," citing its import focus, opportunities for businesses of all sizes, and participation from across the world.
The expo offers valuable opportunities for business cooperation, particularly for small and medium-sized enterprises (SMEs), he said. Some Thai SMEs have found customers and partners after attending just one or two editions of the expo, laying the groundwork for rapid growth, he added.
"Beyond securing orders, the CIIE allows businesses to test whether their products and business models appeal to Chinese consumers," he said.
The chamber has helped Thai coffee and tea chains set up demonstration outlets at the expo, where they could showcase their brands and gauge consumer responses to prices and flavors through actual sales.
Other small Thai businesses have met Chinese partners at the expo to discuss bringing products such as jewelry into retail stores, according to Paijit.
"There are many forms of cooperation. It is not just about finding importers," he said, adding that the expo helps companies build brands, connect with online and offline sales channels, and explore different partnerships.
China's continued hosting of the CIIE and opening of its market to foreign goods and services demonstrate its commitment to multilateralism and free trade, Paijit said.
https://english.news.cn/20261105/7d6462a5356147b7aca3be7c8711b8f4/c.html
Photo caption 1: This photo taken on Nov. 5, 2026 shows a scene during the opening ceremony of the ninth edition of the China International Import Expo (CIIE) and the Hongqiao International Economic Forum in Shanghai, east China. (Xinhua/Fang Zhe)
Photo caption 2: People visit the exhibition area of Intelligent Industry and Information Technology during the ninth edition of the China International Import Expo (CIIE) at the National Exhibition and Convention Center (Shanghai) in east China's Shanghai, Nov. 5, 2026. (Xinhua/Xing Guangli)