
#Local_News
Published 07 November 2026
■ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အေအက်ဖ်စီ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အုပ်စု (A) ပြိုင်ပွဲ (AFC U17 Asian Cup Qualifiers Group A) အတွက် အိမ်ရှင် မြန်မာ ယူ-၁၇ လက်ရွေးစင်အသင်းသည်ဖိလစ်ပိုင်၊ကမ္ဘောဒီးယား၊အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
■ ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် မြန်မာ ယူ-၁၇ အသင်းသည် နိုဝင်ဘာ ၈ ရက်တွင် အာဖဂန်နစ္စတန်၊နိုဝင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင်၊နိုဝင်ဘာ ၁၇ ရက်တွင် ကမ္ဘောဒီးယား၊နိုဝင်ဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
■ အဆိုပါ ၂၀၂၇ အေအက်ဖ်စီ ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အုပ်စု (A) ပြိုင်ပွဲ (AFC U17 Asian Cup Qualifiers Group A) အတွက် အိမ်ရှင် မြန်မာ ယူ-၁၇ လက်ရွေးစင်အသင်းသည် ယမန်နေ့ညနေပိုင်းကလေ့ကျင့်မှုများပြုလုပ်နေကြောင်းသိရသည်။
#YMG/NN #Yangon_Times