Yo Yar Lay

4Minute ကိုရီးယားအဆိုအဖွဲ့ဝင်ဟောင်း ဂျွန်ဂျီယွန်း လက်ထပ်တော့မယ်

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်အမျိုးသမီးအဆိုအဖွဲ့ 4Minute ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဂျွန်ဂျီယွန်းဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။ သူ အခုလထဲ လက်ထပ်တော့မယ်ဆိုတာကို နိုဝင်ဘာ ၄ ရက်နေ့မှာ အင်စတာဂရမ်အကောင့်ကနေတဆင့် ပရိသတ်တွေကို ကြေညာခဲ့တာပါ။

သူ့ရဲ့လှပလှတဲ့ Pre Wedding ဓာတ်ပုံတွေနဲ့အတူ စာ ရေးသားထားပါတယ်။ “အားလုံးပဲ….ကျွန်မ အခုနိုဝင်ဘာမှာ လက်ထပ်တော့မှာပါ။ အခုဆို ကျွန်မရဲ့ကိုယ်ပိုင်ဘဝနဲ့ပတ်သက်ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ စကားလုံးကို ပြောခွင့်ရတဲ့အချိန်ရောက်လာပါပြီ။ ကျွန်မ နည်းနည်းတော့ ရှက်မိသလို အရမ်းလည်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်မရဲ့လက်တွဲဖော်က ကျွန်မထက်ကို နွေးထွေးတဲ့နှလုံးသားနဲ့ အံ့ဖွယ်လူတစ်ယောက်ဖြစ်ပါတယ်။ စာရေးဆရာမတစ်ယောက်အဖြစ် ကျွန်မ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး ကျွန်မ လက်ခံရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို အခြားသူတွေနဲ့ ဘယ်လိုမျှဝေရမယ်ဆိုတာကို သိတဲ့သူဖြစ်လာအောင် ကြိုးစားသွားမှာပါ။ နှစ်တိုင်း ကျွန်မက အားလပ်ရက်ကာလရဲ့စိတ်လှုပ်ရှားဖွယ်အငွေ့အသက်ကို ခံစားရဖို့ ခရစ္စမတ်သီချင်းတွေကို နားထောင်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အဲ့ဒီသီချင်းတွေကို နားထောင်ဖို့ မလိုတော့ဘူးထင်ပါတယ်။ ကျွန်မတို့ကို နွေးထွေးစွာကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း ကျေးဇူးတင်ပါတယ်”လို့ စာထဲမှာ ပြောထားပါတယ်။

Ref: Former 4Minute Member Jeon Jiyoon Announces Marriage

WL (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay