
တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ဟော်မုဇ်ရေလက်ကြားရှိ ကက်ရှမ် ကျွန်းအထက်တွင် အမေရိကန် မောင်းသူမဲ့လေယာဉ် MQ-9 ၂ စင်းကို ပစ်ချလိုက်ကြောင်း အီရန်နိုင်ငံပိုင် Press TV သတင်းဌာနက နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။
ကက်ရှမ်ကျွန်းရှိ စူဇာဒေသသို့ အရာဝတ္ထုနှစ်ခု ကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA ကလည်း အစောပိုင်းတွင် ဖော်ပြထားသည်။
Al Jazeera သတင်းဌာနက အမေရိကန်စစ်တပ်ဗဟိုကွပ်ကဲရေးဌာနချုပ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးကို ကိုးကား၍ "ကက်ရှမ်ကျွန်းနှင့် ပတ်သက်သည့် သတင်းများကို ကြားသိထားကြောင်း" X လူမှုကွန်ရက်တွင် နိုဝင်ဘာ ၇ ရက်က ဖော်ပြခဲ့သည်။
"အခြေအနေမှာ အတော်လေး တည်ငြိမ်နေပါတယ်" ဟု အဆိုပါအရာရှိက ပြောကြားခဲ့ပြီး၊ ၎င်းတို့အနေဖြင့် "မှတ်ချက်ပေးစရာ မရှိ" ဟုလည်းဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်တပ်ဖွဲ့များသည် အီရန်၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ပြီး ဤစစ်ရေးလှုပ်ရှားမှုကို "အသေးစား" တိုက်ခိုက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
"သူတို့ တည်ဆောက်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး စက်ကိရိယာလေးတစ်ခုကို ကျွန်တော်တို့ ဖျက်ဆီးပစ်လိုက်ပါတယ်။ ၁၅ မိနစ် ဒါမှမဟုတ် ၅ မိနစ်လောက်အတွင်းမှာပဲ အဲဒါကို ဖျက်ဆီးလိုက်တာပါ" ဟု ထရမ့်က ဖလော်ရီဒါပြည်နယ်၊ West Palm Beach မြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာနချုပ်ကလည်း နိုဝင်ဘာ ၆ ရက်နှောင်းပိုင်းတွင် X လူမှုကွန်ရက်၌ ဖော်ပြချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းတွင် အမေရိကန်အနေဖြင့် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နျူကလီးယားဆိုင်ရာ အဆောက်အအုံများ၊ စက်ကိရိယာများ၊ သိပ္ပံပညာရှင်များ အပါအဝင် သက်ဆိုင်ရာ ဝန်ထမ်းများ၊ သို့မဟုတ် ၎င်းတို့၏ ရွေ့လျားသွားလာမှုများ စသည့် သတင်းပေးသူအား အမေရိကန်ဒေါ်လာ သန်း ၂၀ အထိ ဆုကြေးငွေ ပေးအပ်မည်ဖြစ်ပြီး "ပြောင်းရွှေ့နေထိုင်ခွင့်" ကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အီရန်နိုင်ငံက ယူရေနီယမ်သန့်စင်မှုသည် ၎င်းတို့နိုင်ငံ၏ နျူကလီးယားလုပ်ငန်းကဏ္ဍတွင် "ခွဲခြား၍မရနိုင်သော" အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် အီရန်၏ နျူကလီးယားအစီအစဉ်သည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ချုပ်ဆိုထားသော စောင့်ကြည့်စစ်ဆေးမှုသဘောတူညီချက်နှင့် နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ စာချုပ် တို့နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်းလည်း အီရန်နိုင်ငံက ပြောကြားထားသည်။ (Xinhua)
…………………………………………………
(English version)
Iran shoots down 2 U.S. drones over Qeshm Island as Trump announces "minor" strikes
TEHRAN, Nov. 7 (Xinhua) -- Iran's air defence force has shot down two U.S. MQ-9 drones over Qeshm Island in the Strait of Hormuz, Iran's state-run Press TV reported on Saturday.
Iran's state news agency IRNA reported earlier that local witnesses said two projectiles hit the Suza area of Qeshm Island.
Al Jazeera, citing an anonymous U.S. Central Command (CENTCOM) official, reported Saturday on social media platform X that the command has "heard the reports about the Qeshm Island."
"Things are relatively calm," the official said, adding that the command has "no comment."
U.S. President Donald Trump said Friday that U.S. forces launched new strikes targeting Iran's air defense systems, describing the military action as "minor."
"They knocked out -- they built a little bit of an anti-aircraft device and we knocked it out in about 15 minutes, maybe five," Trump told reporters in West Palm Beach, Florida.
The CENTCOM said late Friday on X that the United States is offering a reward of up to 20 million U.S. dollars and "possible relocation" for information about Iran's nuclear program, "including its facilities, equipment, and associated personnel, such as those in the scientific community, or the movement of any of the above."
Iran has said that uranium enrichment is an "inseparable" part of the country's nuclear industry, and that Iran's nuclear program is in compliance with its safeguards agreement with the IAEA and the Treaty on the Non-Proliferation of Nuclear Weapons.
Photo caption: Smoke billows after explosions heard in downtown Tehran, Iran, April 1, 2026. (Xinhua/Shadati)