Xinhua Myanmar

တာကာအိချိ အစိုးရအဖွဲ့၏ အန္တရာယ်ရှိသော ဦးတည်လုပ်ဆောင်မှုများကြောင့် ဂျပန်နိုင်ငံ သမိုင်း၏ စစ်ပွဲအမှားများကို ထပ်မံကျူးလွန်နိုင်ဖွယ်ရှိဟု ဂျပန်စစ်သမိုင်း သုတေသီ Masahiro Yamazaki ပြောကြား

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲအတွက် မူဝါဒသဘောထား ထုတ်ဖော်ပြောကြားသည့် မိန့်ခွန်းအခမ်းအနားတွင် ဆာနာအဲ တာကာအိချိ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ဆာနာအဲ တာကာအိချိ အစိုးရသည် သမိုင်းကြောင်းကို ပြန်လည်သုံးသပ် သံဝေဂယူရန် ငြင်းဆန်ကာ စစ်အင်အား တိုးချဲ့ခြင်းနှင့် စစ်ပြင်ဆင်ခြင်းများကို ဆက်လက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်း၏ အန္တရာယ်ရှိသော ဦးတည်လုပ်ဆောင်မှုများသည် ဂျပန်နိုင်ငံကို စစ်ပွဲလမ်းကြောင်းဟောင်းပေါ်သို့ တစ်ဖန်ပြန်လည် တွန်းပို့နိုင်ပြီး သမိုင်း၏ အမှားဟောင်းများကို ထပ်မံကျူးလွန်စေနိုင်ဖွယ်ရှိကြောင်း ဂျပန်စစ်သမိုင်း သုတေသီ Masahiro Yamazaki သည် မကြာသေးမီက ဆင်ဟွာသတင်းဌာန သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။

“ယနေ့ ဂျပန်လူ့အဖွဲ့အစည်းရဲ့ အခြေအနေဟာ စစ်မဖြစ်ပွားမီကာလနဲ့ ဆင်တူနေပါတယ်” ဟု Yamazaki က ပြောကြားခဲ့သည်။ ပြည်သူများ၏ လူမှုဘဝနှင့် စားဝတ်နေရေး ကျပ်တည်းနွမ်းပါးနေခြင်း၊ စစ်အင်အား တိုးချဲ့ခြင်းနှင့် စစ်ပြင်ဆင်ခြင်းများ ဆောင်ရွက်နေခြင်း၊ ပြင်ပအပေါ် ရန်လိုမုန်းတီးသည့် စိတ်ဓာတ်များ ကြီးထွားလာခြင်း စသည့်အခြေအနေများသည် ဂျပန်နိုင်ငံ၏ ထိုစဉ်က ကျူးကျော်စစ်ပွဲဆီသို့ ဦးတည်သွားခဲ့သည့် အခြေအနေနှင့် ဆင်တူသော အန္တရာယ်ရှိသည့် သဘောထားလားရာများ ပေါ်လွင်လာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ သည် လွှတ်တော်၌ မေးမြန်းချက်များကို ပြန်လည်ဖြေရှင်း ပြောကြားစဉ် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ မှားယွင်းသော ပြောဆိုချက်များ ထုတ်ဖော်ပြောကြားခဲ့ပြီး “ထိုင်ဝမ်အရေးကိစ္စပေါ်ခြင်း” သည် ဂျပန်နိုင်ငံက စုပေါင်းကိုယ်ပိုင်ကာကွယ်ခွင့်ကို ကျင့်သုံးနိုင်သည့် “သေရေးရှင်ရေး အကျပ်အတည်း” အခြေအနေတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သဖြင့် ထိုင်ဝမ်ရေလက်ကြားအရေးကိစ္စတွင် စစ်အင်အားသုံး ဝင်ရောက်စွက်ဖက်နိုင်ခြေရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်နီးပါးအတွင်း တာကာအိချိသည် မှားယွင်းသော ပြောဆိုချက်များကို ပြန်လည်ရုပ်သိမ်းရန် ငြင်းဆန်ခဲ့သဖြင့် တရုတ်-ဂျပန် ဆက်ဆံရေးမှာ ပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

တာကာအိချိအစိုးရသည် မှားယွင်းမှုများကို အလေးအနက်ထား ပြုပြင်တည့်မတ်ခြင်းနှင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းမရှိသည့်အပြင် “တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု” ဟူသော အကြောင်းအရာကိုလည်း အဆက်မပြတ် ပုံကြီးချဲ့ဝါဒဖြန့် ဖော်ပြလျက်ရှိကြောင်း၊ ယင်းကို အသုံးချ၍ မိမိတို့၏ နိုင်ငံရေးလုပ်ငန်းအစီအစဉ်ကို ရှေ့တန်းတင် အကောင်အထည်ဖော်ကာ စစ်အင်အားတိုးချဲ့ရေး မူဝါဒအတွက် အကြောင်းပြချက်များ ရှာဖွေနေကြောင်း Yamazaki က ထောက်ပြပြောကြားခဲ့သည်။

“ဂျပန်ပြည်သူတွေဟာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ဒဏ်ကို ခံစားနေရပြီး စားဝတ်နေရေးလည်း ပိုပိုပြီး ကျပ်တည်းခက်ခဲလာနေပါတယ်။ ဒါပေမဲ့ အစိုးရက ဒီပြဿနာတွေကို လုံလောက်အောင် ဖြေရှင်းပေးတာမျိုး မရှိတဲ့အပြင် နိုင်ငံတော်ဘတ်ဂျက်ထဲက ငွေကြေးအမြောက်အမြားကို စစ်အင်အားတိုးချဲ့ဖို့ အသုံးပြုနေပါတယ်” ဟု Yamazaki က ပြောကြားခဲ့သည်။ ယင်းလုပ်ရပ်သည် ထိုစဉ်က ဂျပန်အစိုးရ၏ ဆောင်ရွက်ပုံနှင့် များစွာဆင်တူကြောင်း ၎င်းက ပြောကြားခဲ့သည်။

၁၉၃၇ ခုနှစ် အစောပိုင်းတွင် ဂျပန်နိုင်ငံသည် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်သည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရကြောင်း စစ်ပွဲသမိုင်းကို ရေရှည်လေ့လာသုတေသနပြုခဲ့သူ Yamazaki က ရှင်းပြခဲ့သည်။ ထိုစဉ်က အိုဆာကာ မိုင်နိချိ သတင်းစာတွင် အဝတ်အထည်၊ ပဲငံပြာရည်၊ ပေါင်မုန့်စသည့် နေ့စဉ်သုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာပြီး ပြည်သူများ၏ လူမှုဘဝနှင့် စားဝတ်နေရေး ဖိအားများ ကြုံတွေ့နေရသည့် အခြေအနေကို ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုစဉ်က ဂျပန်အစိုးရသည် ပြည်သူများ၏ လူနေမှုဘဝ အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ စစ်တပ်၏ တောင်းဆိုချက်များကိုသာ လိုက်လျောဖြည့်ဆည်းကာ စစ်အသုံးစရိတ်များကို အဆက်မပြတ် တိုးမြှင့်ခဲ့ပြီး စစ်အင်အားတိုးချဲ့ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်လူ့အဖွဲ့အစည်းအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြင်ပအပေါ် ရန်လိုမုန်းတီးသည့် စိတ်ခံစားများ ကြီးထွားလာသည့် အလားအလာကိုလည်း သတိပြုရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဂျပန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ် အလုံးစုံကျူးကျော်စစ် ဆင်နွှဲခဲ့သည့် ကာလအတွင်း အစိုးရနှင့် စစ်တပ်သည် “တရုတ်နိုင်ငံကြောင့်သာ အမှားဖြစ်ရသည်” ဟူသော အကြောင်းအရာကို အဆက်မပြတ် ဝါဒဖြန့်ခဲ့ကြပြီး သတင်းစာများကလည်း အဆိုပါပြောဆိုချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေဖော်ပြခဲ့ကြကြောင်း Yamazaki က ထောက်ပြခဲ့သည်။ အစိုးရ၊ စစ်တပ်၊ မီဒီယာနှင့် ပြည်သူများသည် အပြန်အလှန် သက်ရောက်မှုရှိခဲ့ကြပြီး ဂျပန်လူ့အဖွဲ့အစည်းအတွင်း စစ်လိုလားသည့် စိတ်ဓာတ်များ ပိုမိုကြီးထွားလာစေရန် အဆက်မပြတ် တွန်းအားပေးလှုံ့ဆော်ခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ယခုအချိန်မှာလည်း အဲဒီလို အခြေအနေမျိုးကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေပါတယ်” ဟု Yamazaki က ပြောကြားခဲ့သည်။ တာကာအိချိ အစိုးရသည် ပြင်ပခြိမ်းခြောက်မှုဟုဆိုသည့် အကြောင်းအရာကို ပုံကြီးချဲ့ဝါဒဖြန့်ဖော်ပြခြင်းဖြင့် စစ်လက်နက်အင်အား တိုးချဲ့တည်ဆောက်ရေးအတွက် အကြောင်းပြချက်များ ရှာဖွေနေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ယနေ့တွင်လည်း ဂျပန်အစိုးရသည် ပုဂ္ဂလိကလုပ်ငန်းများ ကာကွယ်ရေးစက်မှုလုပ်ငန်းကဏ္ဍသို့ ပိုမိုဝင်ရောက်လာစေရန် တက်ကြွစွာ တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ဂျပန်နိုင်ငံ၏ ၂၀၂၆ ခုနှစ်ထုတ် “ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်း” တွင် “ကာကွယ်ရေးနှင့် စီးပွားရေးအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် လည်ပတ်မှု” ဟုဆိုသည့် မူဝါဒကို အကောင်အထည်ဖော်ရန် အတိအလင်း ဖော်ပြထားပြီး လုပ်ငန်းများအနေဖြင့် ကာကွယ်ရေးပစ္စည်းကိရိယာများ ပြည်ပသို့ တင်ပို့မှု တိုးချဲ့ရန် တိုက်တွန်းထားသည်။

တာကာအိချိ အစိုးရ၏ အန္တရာယ်ရှိသော လုပ်ရပ်များကို အစဉ်တစိုက် လုပ်ဆောင်နေမှုသည် တာကာအိချိကိုယ်တိုင် ကျူးကျော်စစ်ပွဲနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆင်ခြင်မှု ကင်းမဲ့နေခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း Yamazaki က သုံးသပ်ပြောကြားခဲ့သည်။

“သူမဟာ စစ်ပွဲရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်သဘောပေါက်ခြင်း မရှိသလို၊ အတိတ်က ဂျပန်နိုင်ငံ ဘာကြောင့် မှားယွင်းတဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိသွားခဲ့ရတယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ခြင်း မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

တာကာအိချိသည် ၁၉၉၅ ခုနှစ်က လွှတ်တော်အတွင်း မေးမြန်းစစ်ဆေးမှုကို ဖြေကြားစဉ် မိမိသည် စစ်ပွဲအတွေ့အကြုံ မရှိခဲ့သည့် မျိုးဆက်တစ်ဆက်မှ ဖြစ်သောကြောင့် ပြန်လည်သုံးသပ်ဆင်ခြင်မှု မရှိသကဲ့သို့ သံဝေဂယူရန် တောင်းဆိုခံရမည့် အကြောင်းပြချက်လည်း မရှိကြောင်း ပြောကြားခဲ့ဖူးသည်။

တာကာအိချိသည် အတိတ်က စစ်ပွဲများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သံဝေဂယူမည်မဟုတ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ဖူးသည့်အပြင် ယခုအခါ မိမိ၏ နိုင်ငံရေးအကျိုးစီးပွားအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုဆိုးရွားစေပြီး စစ်လက်နက်အင်အား တိုးချဲ့ရေးကို တွန်းအားပေးဆောင်ရွက်နေကြောင်း၊ “ဒါဟာ အန္တရာယ်အရှိဆုံးအချက် ဖြစ်ပါတယ်” ဟု Yamazaki က ထောက်ပြပြောကြားခဲ့သည်။

ယခုနှစ် ဩဂုတ် ၁၅ ရက်သည် ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချကြောင်း ကြေညာသည့် ၈၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ အဆိုပါနေ့တွင် တာကာအိချိသည် ဒုတိယကမ္ဘာစစ်အတွင်း အဆင့် (A) စစ်ရာဇဝတ်သားများကို ဂုဏ်ပြုထားသည့် ယာဆူကူနီဂူဗိမာန်သို့ ပူဇော်သက္ကာငွေ ပေးပို့ခဲ့သည့်အပြင် “နိုင်ငံတစ်ဝန်း စစ်ပွဲ၌ကျဆုံးသူများ အောက်မေ့ဖွယ် အခမ်းအနား” သို့ တက်ရောက်ခြင်းမပြုမီ ယာဆူကူနီဂူဗိမာန်ကို အဝေးမှ ဦးညွှတ်ဂါရဝပြုခဲ့သည်။ ၎င်း၏ အဆိုပါလုပ်ရပ်များသည် ဂျပန်နိုင်ငံအတွင်းရှိ ငြိမ်းချမ်းရေးလိုလားသူများ၏ ပြင်းထန်သော ကန့်ကွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ဂျပန်နိုင်ငံ Kyodo သတင်းဌာနက သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကား၍ နိုဝင်ဘာ ၅ ရက်တွင် သတင်းဖော်ပြရာ၌ ဂျပန်အစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် ပြင်ဆင်ရန် စီစဉ်ထားသည့် “အမျိုးသား လုံခြုံရေး အာမခံချက်ဆိုင်ရာ မဟာဗျူဟာ” တွင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ၏ ခြွင်းချက်အခြေအနေများကို ထည့်သွင်းရေးသားရန် လေ့လာဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါအခြေအနေကြောင့် တာကာအိချိ အစိုးရ၏ နျူကလီးယားမူဝါဒကို ပြုပြင်ပြောင်းလဲရန် ကြံစည်ကြိုးပမ်းနေခြင်းအပေါ် ဂျပန်လူ့အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

“ဂျပန်နိုင်ငံအနေနဲ့ အတိတ်က စစ်ပွဲဆိုင်ရာ သမိုင်းအမှားတွေကို ထပ်မံကျူးလွန်တာမျိုး မဖြစ်စေချင်ပါဘူး” ဟု Yamazaki က ပြောကြားခဲ့သည်။ ၎င်းသည် လက်ရှိ ဂျပန်လူ့အဖွဲ့အစည်းအတွင်း ပေါ်ပေါက်နေသော အန္တရာယ်ရှိသည့် ဦးတည်လုပ်ဆောင်မှုများအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မကင်းဖြစ်မိကြောင်းနှင့် အမြင်ကျယ်၍ မျှော်တွေးသိမြင်တတ်သူများအနေဖြင့် ဆက်လက်ထုတ်ဖော်ပြောဆိုပေးကြရန်၊ ဂျပန်နိုင်ငံအား အန္တရာယ်ရှိသော လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမသွားစေရန် တားဆီးပေးကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

专访|高市政权危险动向或使日本重蹈战争覆辙——访日本战争史研究者山崎雅弘

新华社东京11月6日电 专访|高市政权危险动向或使日本重蹈战争覆辙——访日本战争史研究者山崎雅弘

新华社记者梁晨 李林欣

日本战争史研究者山崎雅弘近日接受新华社记者专访时表示,高市早苗政府拒不反省历史、持续推动扩军备武,其危险动向可能将日本再次推上战争老路,重蹈历史覆辙。

“如今日本社会氛围与战前类似。”山崎说,在民生困顿、扩军备武和对外敌视情绪滋长等方面,正显现出与当年日本走向侵略战争时相似的危险倾向。

2025年11月7日,日本首相高市早苗在国会答辩时发表涉台错误言论,称“台湾有事”可能构成日本可行使集体自卫权的“存亡危机事态”,暗示可能武力介入台海问题。近一年来,高市拒不撤回错误言论,令中日关系面临严重困难。

山崎指出,高市政府并未认真纠正错误、改善对华关系,反而不断渲染“来自中国的威胁”,以此推动自身政治议程,为扩军政策寻找借口。

“日本国民正在承受物价上涨压力,生活越来越困难,但政府没有充分解决这些问题,反而将大量国家预算用于扩充军备。”山崎说,这与当年日本政府的做法十分相似。

长期研究战争史的山崎介绍,1937年初,日本面临严重物价上涨问题。当时《大阪每日新闻》曾报道衣服、酱油、面包等生活用品价格上涨、民众生活承压的情况。当时,日本政府未能有效解决民众生活困难,反而迎合军方要求,不断增加军费,推进军备扩张。

山崎认为,日本社会当前对外敌视情绪滋长的趋势同样值得警惕。他指出,当年日本全面侵华战争期间,政府和军方不断宣扬“错在中国”,报纸将这一说法广泛传播。政府、军方、媒体和民众相互影响,不断助推日本社会的好战情绪。

“现在也在刻意制造这样的氛围。”山崎说,高市政府通过渲染所谓外部威胁,为扩充军备寻找借口。

如今,日本政府还在积极推动更多民营企业进入防卫产业。日本2026年版《防卫白皮书》明确提出推动所谓“防卫与经济的良性循环”,鼓励企业拓展防卫装备出口。

山崎认为,高市政府一系列危险举动,与高市本人缺乏对侵略战争的反省密切相关。“她既没有理解战争的恐怖,也没有理解过去日本为什么走上错误道路。”

高市1995年曾在国会质询中宣称,自己属于没有经历过战争的一代,因此没有反省,也没有理由被要求反省。山崎指出,高市曾公开表示不反省过去的战争,如今又为自身政治利益恶化与邻国关系、推动扩充军备,“这是最危险的地方”。

今年8月15日,日本宣布无条件投降81周年之际,高市向供奉有二战甲级战犯的靖国神社供奉祭祀费,并在出席“全国战殁者追悼仪式”前遥拜靖国神社。相关行径引发日本国内爱好和平人士强烈反对。

日本共同社5日援引相关人士消息称,日本政府正研究在计划于年底修订的《国家安全保障战略》中写入“无核三原则”的例外情况,相关动向引发日本社会对高市政府谋求调整核政策的担忧。

“我不希望日本重蹈战争覆辙。”山崎对当前日本社会出现的危险动向深感忧虑,希望有识之士持续发声,阻止日本沿危险方向继续走下去。

图说 :2025年9月22日,在日本东京,高市早苗在自民党总裁选举政见发表演讲会上发言。新华社发(Pool图片,弗兰克·罗比雄摄)

မူရင်းသတင်း — Xinhua Myanmar