
တက္ကဆက်ပြည်နယ်မှာရှိတဲ့ တက်စ်လာစက်ရုံကနေ Cybertruck ထုတ်လုပ်မှုကို ၂၀၂၇ ခုနှစ် နှစ်လယ်လောက်မှာ ရပ်ဆိုင်းသွားမယ်လို့ အီလွန်မတ်စ်က ကြေညာလိုက်ပါတယ်။ အဲဒီလို ရပ်ဆိုင်းရတာက Cybercab ကားတွေ ပိုမိုထုတ်လုပ်ဖို့အတွက် နေရာလွတ်ရအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ စက်ရုံတစ်ရုံတည်းကပဲ ရပ်ဆိုင်းတာလား၊ လုံးဝရပ်ဆိုင်းတာလား ဆိုတာကိုတော့ သေချာမပြောသေးပါဘူး။

ဒါပေမဲ့ တက်စ်လာရဲ့ အင်ဂျင်နီယာချုပ်ကတော့ Cybertruck ကို ဆက်ထုတ်တော့မှာ မဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားထားပါတယ်။ အဲဒီဆုံးဖြတ်ချက်အပေါ် တက်စ်လာပရိသတ်တွေကတော့ အကြီးအကျယ် ဒေါသထွက်နေကြပြီး အစီအစဉ်ဆိုးကြီးတစ်ခုလို့ ဝေဖန်နေကြပါတယ်။ ပရိသတ်တစ်ဦးက Cybertruck ဟာ တက်စ်လာရဲ့ အကောင်းဆုံးယာဉ်ဖြစ်တယ်လို့ ပြောဆိုခဲ့ရာမှာ အီလွန်မတ်စ်က မှန်ကန်ကြောင်းနဲ့ လက်ရှိကားတွေကတော့ အချိန်အတော်ကြာ ဆက်ရှိနေဦးမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Cybertruck ကို ၂၀၁၉ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ဝယ်ယူသူတွေဆီ စတင်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲမှာ ကားမှန်ကို သံလုံးနဲ့ ပေါက်ပြချိန်မှာ မှန်ကွဲသွားခဲ့တဲ့အတွက် အစပိုင်းမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Ref : Unilad