Myanmar National Post

ကျိုက်ထိုမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေသည့် KNU/ KNLA/ PDF နှိမ်နင်းရေး








နိုဝင်ဘာလ (၇) ရက်နေ့က ကျိုက်ထိုမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက KNU/ KNLA/ PDF ပူးပေါင်းအဖွဲ့များကို နှိမ်နင်းရေး ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၇-၁၁-၂၀၂၆ ရက်နေ့ ညနေပိုင်းမှာ ကျိုက်ထိုမြို့နယ်အတွင်းရှိ KNU/ KNLA တပ်မဟာ(၁)၊ တပ်ရင်း ၃ နှင့် PDFအမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာအား တပ်မတော်က ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့ထံမှ လက်နက်ခဲယမ်းများ၊ ရန်သူ့ယူနီဖောင်းများ၊ ဆက်သွယ်ရေးမြောင်းများ၊ ရိက္ခာ ဂိုဒေါင်များ၊ လူနေတဲများနှင့်ဘန်ကာများသိမ်းဆည်းရရှိခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ KNU/KNLA တပ်မဟာ(၁) ရင်း(၃)ဌာနချုပ်အား  နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းတွင်  တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်အဖွဲများအသုံးပြုသည့် အချုပ်ထောင်၊ လူနေတဲများ၊ ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်းများနှင့် ခဲယမ်းများ/ ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ပြီး နေ့လယ် ၁ နာရီချိန်ခန့် မှာတော့ KNU/KNLA တပ်မဟာ(၁) တပ်ရင်း (၃) နှင့် PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့တို့၏ စခန်းတစ်ခုအား က ထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။

ရှင်းလင်းဆောင်ရွက်စဉ် လူနေတဲများ၊ ဘန်ကာများ၊ မိုင်းများ၊ လက်တော့များ၊ ဆေးပစ္စည်းများ၊ ယူနီဖေါင်းများ၊နှင့် အခြားဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ပါတယ်။

KNU/ KNLA/ PDF အကြမ်းဖက်အဖွဲ့များဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းထဲမှာလည်း အခြေပြုလှုပ်ရှားမှုတွေ ရှိနေပါတယ်။ ပွင့်လင်းရာသီမှာ အကြမ်းဖက်နှိမ်နင်းရေးကို ထိထိရောက်ရောက် လုပ်ဆောင်နေတာကို တွေ့မြင်လာရပါတယ်။


#Myanmar #News



မူရင်းသတင်း — Myanmar National Post