Yo Yar Lay

၁၅ နှစ်အရွယ်မှာ ကွမ်တမ်ရူပဗေဒ ပါရဂူဘွဲ့ (PhD) ရခဲ့တဲ့ ဘယ်လ်ဂျီယံ သိပ္ပံပါရမီရှင်

ဘယ်လ်ဂျီယံနိုင်ငံမှ ပါရမီရှင်တစ်ဦးဟာ အသက် ၁၅ နှစ်အရွယ်မှာပဲ ကွမ်တမ်ရူပဗေဒ (Quantum Physics) နဲ့ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။

လောရင့်ဆိုင်မွန်(Laurent Simons) ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက အန့်တွပ်ပ်တက္ကသိုလ်မှာ သူ့ရဲ့ ပါရဂူဘွဲ့ကျမ်းကို အောင်မြင်စွာ တင်သွင်းပြီး ကမ္ဘာ့သမိုင်းတလျှောက် အသက်အငယ်ဆုံး ပါရဂူဘွဲ့ ရရှိသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

လောရင့်ဆိုင်မွန်ဟာ အသက် ၈ နှစ်မှာတင် အထက်တန်းပညာရေး ပြီးမြောက်ခဲ့ပြီး အသက် ၁၂ နှစ်မှာ ရူပဗေဒဘွဲ့ ရခဲ့ပါတယ်။ ကျောင်းသား/သူ အများစု အထက်တန်းမပြီးမြောက်သေးတဲ့ အသက် ၁၅ နှစ်အရွယ်မှာတော့ သူက ပညာရေးမှာ အမြင့်ဆုံးအောင်မြင်မှု ရရှိသွားခဲ့တာပါ။

လောရင့်ဆိုင်မွန်ရဲ့ ပါရဂူဘွဲ့ သုတေသနစာတမ်းဟာ အဆင့်မြင့် ကွမ်တမ်သိပ္ပံပညာရပ်ပိုင်းကို အဓိကထား ပြုစုခဲ့တာဖြစ်ပြီး၊ အလွန်အေးစက်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အမှုန်တွေရဲ့ ပြုမူလှုပ်ရှားပုံအကြောင်း၊”ဘို့စ်-အိုင်းစတိုင်း ကွန်ဒန်ဆိတ်” (Bose-Einstein condensates – စကြာဝဠာထဲမှာ ရှိသမျှ အရာဝတ္ထုတွေရဲ့ ပဉ္စမမြောက် ဒြပ်သဏ္ဌာန်) တွေအကြောင်းကို အဓိက သုတေသနပြုခဲ့တာပါ။

ကွမ်တမ်တွင်းနက်ကြီးတွေနဲ့ သိပ်သည်းဒြပ်ဝတ္ထုစနစ်တွေကြားက အလားသဏ္ဍာန်တူညီမှုတွေကို ရှာဖွေဖော်ထုတ်ခဲ့ပြီး၊ ဒီပညာရပ်နယ်ပယ်အတွက် အမြင်သစ်တွေကို ဖော်ထုတ်ပေးနိုင်ခဲ့တာပါ။

Ref:At 16, Belgian prodigy Laurent Simons has a PhD

NZ (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay