Yo Yar Lay

Blade Runner 2099 စီးရီးမှာ လူသားဇာတ်ကောင်သရုပ်မဆောင်ချင်လို့ တောင်းဆိုချက်တစ်ခုလုပ်ခဲ့တဲ့ မင်းသမီးကြီးမီရှဲယိုး

နာမည်ကျော်မင်းသမီးကြီး မီရှဲယိုးဟာ Prime Video ရဲ့ Sci-Fi ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ “Blade Runner 2099” မှာ ပါဝင်ဖို့ သဘောတူညီမှုမယူခင် ဇာတ်လမ်းဖန်တီးသူတွေဆီကနေ အထူးတောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

သူဟာ စီးရီးထဲမှာ လူသားဇာတ်ကောင်အဖြစ် သရုပ်မဆောင်ချင်ဘဲ စက်ရုပ်/ဇီဝတုဇာတ်ကောင်အဖြစ်သာ သရုပ်ဆောင်လိုကြောင်း ပြောခဲ့ပါတယ်။ ဇာတ်လမ်းဖန်တီးသူ Silka Luisa ဆီကနေပါဝင်ပေးဖို့ မေတ္တာရပ်ခံစာ ရရှိခဲ့ပြီးနောက် ဇာတ်ကောင်ပုံစံ ပုံဖော်ရာမှာ ယခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

သူရဲ့ တောင်းဆိုချက်ကြောင့် Olwen အမည်ရှိတဲ့ Replicant (စက်ရုပ်/ဇီဝတု) ဇာတ်ကောင် ထွက်ပေါ်လာခဲ့ပါတယ်။ Olwen ဟာ အေးစက်ပြီး စိမ့်ကြည့်နေတဲ့ မျက်လုံးတွေနဲ့အတူ ကြောက်စရာကောင်းတဲ့အသွင်ပေးနိုင်ပါတယ်။ သူ့ရဲ့ ရှေ့လျားမှုဟာ စက်ရုပ်ဆန်ဆန် တောင့်တောင့်ကြီး မဟုတ်ဘဲ နဂါး သို့မဟုတ် မြွေတစ်ကောင်လို နူးညံ့ညှင်သာစွာ သွက်လက် လှုပ်ရှားနိုင်သူ ပုံစံဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲဟာ Blade Runner 2049 ရုပ်ရှင်ရဲ့ အဆက်ဖြစ်ပြီး ၅၀ ရာစုနှစ်အကြာ (နှစ် ၂၀၉၉) ကို အခြေခံထားတာ ဖြစ်ပါတယ်။ Replicant တွေက လူ့အဖွဲ့အစည်းကို လွှမ်းမိုးထားပြီး လူသားတွေက အောက်ခြေတန်းစားအဖြစ် ကျန်ရစ်ခဲ့တဲ့ အနာဂတ်ကမ္ဘာနောက်ခံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီ Sci-Fi စီးရီးတွဲ (၈ ပိုင်းပါ) ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ Amazon Prime Video ကနေ ပြသသွားမှာဖြစ်ပါတယ်။

Ref: Michelle Yeoh’s request for new sci-fi role in Blade Runner 2099: ‘I don’t want to be human’

WL (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay