
#Local_News
Published 10 November 2026
■ ရန်ကုန်တိုင်းဒေသကြီးခရိုင်အဆင့်National Digital Awards – 2026 (Educational Project & Skills Competition) ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်းမှ သိရသည်။
■ အဆိုပါပြိုင်ပွဲကို နည်းပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ National Digital Awards – 2026 (Educational Project & Skills Competition) ၏ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့်ပြိုင်ပွဲကိုနိုဝင်ဘာလ (၁၂) ရက်နှင့် (၁၃) ရက်နေ့များတွင် သက်ဆိုင်ရာခရိုင်စုအလိုက် သတ်မှတ်နေရာများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအမျိုးအစားများ မှာ မူလတန်းအဆင့်
- Skills Competition
- Junior Block Coding (Scratch Jr) ၊
အလယ်တန်းအဆင့်
- Educational Project Competition ၊
အထက်တန်းအဆင့်
- Educational Project Competition ၊
ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်းများအဆင့် - Educational Project Competition များ
ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times