Xinhua Myanmar

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းခြင်းမရှိဘဲ ယူကရိန်းပဋိပက္ခကို ရပ်တန့်ထားရေးအား ရုရှားက ပယ်ချ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ယန္တရားများ အားကောင်းစေရန်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့ရစဉ် (Loey Felipe/UN Photo/Handout via Xinhua)

မော်စကို၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးခြိမ်းခြောက်မှုများကို မဖြေရှင်းဘဲ ထားရှိကာ ပဋိပက္ခများ ထပ်မံပြင်းထန်လာစေရန် အခြေအနေများ ဖန်တီးပေးမည့် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ “ရပ်တန့်ထားရေး” အစီအစဉ်ကို ရုရှားနိုင်ငံအနေဖြင့် သဘောတူမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် ဗာဆီးလီ နယ်ဘန်းဇီယာ က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံအနေဖြင့် အဲဒီလိုအစီအစဉ်မျိုးကို သဘောတူမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် လက်ရှိခြိမ်းခြောက်မှုတွေကို ဆက်လက်တည်ရှိစေပြီး ပဋိပက္ခတွေ ထပ်မံပြင်းထန်လာနိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးမယ့် ပဋိပက္ခရပ်တန့်ထားရေးကို လက်ခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ခိုင်မာပြီး ပြောင်းလဲမှုမရှိပါဘူး” ဟု နယ်ဘန်းဇီယာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

မည်သည့်ဖြေရှင်းမှုမျိုးမဆို ဘက်စုံလွှမ်းခြုံမှုရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရမည်ဖြစ်ကာ ယူကရိန်းအကျပ်အတည်း၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းပေးနိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအရင်းခံအကြောင်းရင်းများတွင် အနောက်နိုင်ငံများ၏ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုများ၊ ရုရှားလူမျိုးများနှင့် ရုရှားဘာသာစကားပြောဆိုသူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ယူကရိန်းနိုင်ငံတွင် နာဇီဝါဒသစ် အယူဝါဒ ပျံ့နှံ့လာမှုတို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းက ယူကရိန်းအာဏာပိုင်များနှင့် ၎င်းတို့ကို ထောက်ခံအားပေးနေသည့် အနောက်နိုင်ငံများသည် ဘက်စုံလွှမ်းခြုံသော ဖြေရှင်းမှုတစ်ရပ်အစား စွမ်းအင်အခြေခံအဆောက်အအုံများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများ၊ လေပိုင်နက်နှင့် ရေကြောင်းသွားလာလှုပ်ရှားမှုများကို အကျုံးဝင်သည့် ယာယီအပစ်အခတ်ရပ်စဲရေးများဖြင့် အစားထိုးရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ယင်းကဲ့သို့သော အစီအစဉ်များသည် ကိဗ်မြို့အား ၎င်း၏ ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းရန်၊ တပ်ဖွဲ့များကို ပြန်လည်စုစည်းရန်၊ လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းရန်နှင့် တိုက်ခိုက်မှုများ ပြန်လည်စတင်လာနိုင်ခြင်းမတိုင်မီ စစ်ရေးစွမ်းရည်များ ပြန်လည်မြှင့်တင်ရန် အချိန်ရရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အထူးစစ်ရေးလှုပ်ရှားမှုမှာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်တဲ့ အခြေအနေများမှာ ပြောင်းလဲမှုမရှိပါဘူး။ အဲဒီရည်မှန်းချက်တွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ နိုင်ငံရေးဆန္ဒတွေ ကျွန်တော်တို့မှာ အပြည့်အဝရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပဋိပက္ခဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အဘူဒါဘီမြို့၌ နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်များတွင် ကျင်းပရန် မျှော်မှန်းထားသည်။ (Xinhua)

------------------------

(English Version)

Russia rejects freeze in Ukraine conflict without addressing security concerns diplomat

MOSCOW, Nov. 9 (Xinhua) -- Russia will not agree to a "freeze" in the Ukraine conflict that leaves existing security threats unresolved and creates conditions for renewed escalation, Russian Permanent Representative to the United Nations Vasily Nebenzya said Monday.

"Russia will not agree to such a scheme. We will not accept a freeze in the conflict that would preserve existing threats to our security and create conditions for a new escalation. Our position is firm and unchanged," Nebenzya told a UN Security Council meeting.

He said any settlement should be comprehensive, sustainable and long-term, addressing the Ukraine crisis' root causes, which include strategic threats from the West, violations of human rights of Russian and Russian-speaking populations, and the spread of neo-Nazi ideology in Ukraine.

He accused Ukrainian authorities and their Western backers of seeking to replace a comprehensive settlement with temporary ceasefires covering energy infrastructure, food supplies, airspace and maritime activities.

Such initiatives, he said, were intended to give Kiev time to replenish its losses, regroup its forces, rearm and restore its military capabilities ahead of a possible resumption of hostilities.

"The stated objectives of the special military operation and the conditions for achieving lasting peace remain unchanged. We have all the necessary resources, public support and political will to achieve them," he said.

A trilateral meeting involving the United States, Russia and Ukraine on a possible settlement of the conflict is expected to take place in Abu Dhabi on Tuesday and Wednesday.

Photo Caption :Photo taken on July 23, 2026 shows the Security Council meeting on strengthening the mechanisms for the peaceful settlement of disputes at the UN headquarters in New York. (Loey Felipe/UN Photo/Handout via Xinhua)

မူရင်းသတင်း — Xinhua Myanmar