Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

ကာတာဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် အမေရိကန်-အီရန် ပဋိပက္ခ အဆုံးသတ်ရေး အပြုသဘောဆောင်သော တိုးတက်မှုများရှိနေဟု ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျာဆင်မ် အယ်လ်သာနီနှင့် နိုဝင်ဘာ ၉ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံပြီးနောက် အမေရိကန်-အီရန် ပဋိပက္ခ အဆုံးသတ်ရေးအတွက် “အပြုသဘောဆောင်သော တိုးတက်မှုများ” ရှိနေကြောင်း ပြောကြားခဲ့သည်။

ကာတာ၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၊ ဘာရိန်း၊ ကူဝိတ်နှင့် အခြားဒေသတွင်းနိုင်ငံများသည် အီရန်အပေါ် လက်ရှိချမှတ်ထားသော အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ဆက်လက်ထိန်းထားရန် သဘောတူကြောင်း၊ အီရန်၏ ကုန်းလမ်းထောက်ပံ့ရေးလမ်းကြောင်းများကို ကန့်သတ်ရန် ရည်ရွယ်သည့် အသစ်စတင်လိုက်သော သံတံခါး စစ်ဆင်ရေး ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ ဆွေးနွေးပွဲပြုလုပ်ရန် အဘူဒါဘီသို့ ရောက်ရှိ

ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် အမေရိကန်၊ ရုရှားနှင့် ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ တက်ရောက်ရန်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ မြို့တော် အဘူဒါဘီသို့ နိုဝင်ဘာ ၉ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သတင်းရင်းမြစ်များက ဆင်ဟွာသတင်းဌာနကို အတည်ပြုခဲ့သည်။

ယူကရိန်းအရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေရန် ဆက်လက်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါဆွေးနွေးပွဲများကို နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ဂျာမနီသမ္မတနေရာအတွက် Ilse Aigner ကို မာ့ဇ် အမည်စာရင်းတင်သွင်း

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်သည် Ilse Aigner အား ဂျာမနီနိုင်ငံ၏ သမ္မတနေရာအတွက် နိုဝင်ဘာ ၉ ရက်တွင် အမည်စာရင်းတင်သွင်းခဲ့ရာ ထိုအဆိုပြုချက် အောင်မြင်ပါက ဂျာမနီနိုင်ငံသမိုင်းတွင် ပထမဆုံး အမျိုးသမီးသမ္မတကို မြင်တွေ့ရတော့မည် ဖြစ်သည်။

ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ (CDU) ၏ ခေါင်းဆောင်လည်းဖြစ်သူ မာ့ဇ်က ဘာလင်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း ၎င်း၏အဆိုပြုချက်ကို ထောက်ခံထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

တူကီယဲနိုင်ငံရှိ သံမဏိစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်

တူကီယဲနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်ရှိ သံနှင့်သံမဏိစက်ရုံတစ်ရုံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တူကီယဲ သမ္မတ ရီဆပ် တေရစ် အာဒိုဂန်က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပေါ့ဆမှုအတွက် တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း အာဒိုဂန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်းတွင် ဘတ်စ်ကားနှင့် ကုန်တင်ယာဉ် တိုက်မိမှုကြောင့် လူ ၂၁ ဦး သေဆုံး

တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်း အီရင်ဂါဒေသတွင် နိုဝင်ဘာ ၉ ရက်က ဘတ်စ်ကားနှင့် ကုန်တင်ယာဉ် တိုက်မိခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သေဆုံးသူများတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ကိုးဦးနှင့် ကလေးငယ် နှစ်ဦး ပါဝင်ကြောင်း အီရင်ဂါဒေသ ရဲတပ်ဖွဲ့၏ နိုဝင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဂရိနိုင်ငံ ကရိတီကျွန်းအနီး လှေမတော်တဆမှုများကြောင့် ရွှေ့ပြောင်းသွားလာသူ ၂၀ ဦး သေဆုံး၊ ၁၃၃ ဦးအား ကယ်ဆယ်နိုင်ခဲ့

ဂရိနိုင်ငံ ကရိတီကျွန်းတောင်ဘက် ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော လှေမတော်တဆမှုများကြောင့် ရွှေ့ပြောင်းသွားလာသူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၃၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂရိနိုင်ငံပိုင် ရုပ်သံဌာန ERT က နိုဝင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါနောက်ဆုံးဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ကုန်တင်သင်္ဘောတစ်စင်းက ကရိတီကျွန်းတောင်ဘက် ကမ်းရိုးတန်းရှိ Kaloi Limenes ဆိပ်ကမ်း၏ အရှေ့တောင်ဘက် ရေမိုင် ၁၅ မိုင်ခန့် (၂၈ ကီလိုမီတာခန့်) အကွာတွင် လှေတစ်စင်းကို တွေ့ရှိခဲ့ကြောင်း ERT သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းနောက် ဂရိကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောတစ်စင်းက အသက်ရှင်ကျန်ရစ်သူ ၁၈ ဦးကို ကယ်ဆယ်ခဲ့ပြီး ရုပ်အလောင်း ၁၂ ခုကိုလည်း ဆယ်ယူရရှိခဲ့သည်။

သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် သေဆုံးရသည့် အခြေအနေများကိုမူ ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

………..

(English Version)

Daily World Briefing, Nov. 10

Trump says "positive momentum" toward ending U.S.-Iran conflict after talks with Qatari PM

U.S. President Donald Trump said Monday that there was "positive momentum" toward ending the U.S.-Iran conflict after meeting with Qatari Prime Minister and Foreign Minister Sheikh Mohammed bin Abdulrahman bin Jassim Al Thani at the White House.

Qatar, Saudi Arabia, the United Arab Emirates, Bahrain, Kuwait and other regional countries favored maintaining the current U.S. naval blockade of Iran alongside the newly launched Operation Iron Gate, which seeks to restrict Iran's land-based supply routes, Trump wrote in a post on his Truth Social platform.

Russian, Ukrainian delegations arrive in Abu Dhabi for talks -- sources

Russian and Ukrainian delegations arrived in Abu Dhabi, the capital of the United Arab Emirates (UAE), on Monday to participate in trilateral talks involving Russia, Ukraine and the United States, informed sources confirmed to Xinhua.

The talks are scheduled to take place on Tuesday and Wednesday as part of ongoing efforts to explore ways to resolve the Ukraine crisis.

Merz nominates Ilse Aigner for German presidency

German Chancellor Friedrich Merz on Monday nominated Ilse Aigner for the country's presidency, a move that could see Germany elect its first female head of state.

Merz, who also heads the Christian Democratic Union (CDU), announced the decision at a press conference in Berlin, confirming that the CDU's federal executive board had backed his proposal.

Death toll rises to 16 in Turkish steel plant explosion

The death toll from a massive explosion at an iron and steel factory in Türkiye's western province of Izmir has risen to 16, Turkish President Recep Tayyip Erdogan said on Monday.

Erdogan said at a press conference that an investigation was under way to determine the cause of the blast and those responsible for the negligence.

21 killed in bus-truck collision in southern Tanzania

At least 21 people were killed and five others injured on Monday after a bus collided with a cargo truck in Tanzania's southern Iringa Region, police said.

In a statement issued Monday, the Iringa regional police said the victims included 10 men, nine women and two children.

20 migrants dead, 133 rescued in boat incidents off Greece's Crete

At least 20 migrants have died and 133 others have been rescued in a series of boat incidents south of the Greek island of Crete, Greece's public broadcaster ERT reported on Monday.

In the latest incident, according to ERT, a passing container ship spotted a boat about 15 nautical miles (about 28 km) southeast of Kaloi Limenes, a port on Crete's southern coast. A Greek Coast Guard vessel later rescued the 18 survivors and recovered 12 bodies. The identities of the deceased and the circumstances of their deaths were not immediately known.

မူရင်းသတင်း — Xinhua Myanmar