
အဘူဒါဘီ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အသစ်တစ်ရပ်ကို နိုဝင်ဘာ ၁၀ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီ၌ စတင်ကျင်းပခဲ့ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရေးကို မြှင့်တင်ရန် နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။
ယင်းသည် ယခုနှစ် ဖေဖော်ဝါရီလတွင် စေ့စပ်ညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ပြီးနောက် ၉ လအကြာတွင် သုံးနိုင်ငံ မျက်နှာချင်းဆိုင် ပြန်လည်ဆွေးနွေးခြင်းဖြစ်သည်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားသမ္မတ လက်ထောက် Medinsky ဦးဆောင်ပြီး အဖွဲ့ဝင်များတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov နှင့် Mikhail Galuzin ၊ လက်နက်ကိုင်တပ်ဖွဲ့ စစ်ဌာနချုပ် ထောက်လှမ်းရေးအကြီးအကဲ Igor Kostyukov စသည့် ပုဂ္ဂိုလ်တို့ ပါဝင်သည်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်များတွင် နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲ Rustem Umerov ၊ သမ္မတရုံး အကြီးအကဲ Kyrylo Budanov ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးဌာနချုပ်၏ ဒုတိယအကြီးအကဲ Vadym Skibitsky နှင့် Servant of the People ပါတီ၏ လွှတ်တော်ဥက္ကဋ္ဌ Arakhamia စသည်ပုဂ္ဂိုလ်တို့ ပါဝင်သည်။ အမေရိကန်ကိုယ်စားလှယ်များတွင် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff နှင့် သမ္မတ ထရမ့်၏ သားမက် Jared Kushner တို့ ပါဝင်သည်။ UAE ကိုယ်စားလှယ်များလည်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရုရှားမီဒီယာများ၏ ဖော်ပြချက်အရ Medinsky သည် ဆွေးနွေးပွဲ၌ ရုရှားဘာသာစကားဖြင့် အမှာစကားပြောကြားရာတွင် အဘူဒါဘီဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရန် တွန်းအားဖြစ်နိုင်ပြီး ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Kushner က ရုရှား၊ ဥရောပနှင့် ယူကရိန်းတို့ အကြား လုံခြုံရေးမူဘောင်အသစ်တစ်ရပ်တည်ထောင်နိုင်ရန် ဘက်အသီးသီးအနေဖြင့် အကျိုးရလဒ်ထွက်ပေါ်မည့် “ပွင့်လင်းသော ဆွေးနွေးမှု” ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Umerov က ထိုနေ့ ဆိုရှယ်မီဒီယာတွင် အဘူဒါဘီဆွေးနွေးပွဲကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအဆင့်တွင် ယူကရိန်းသည် ၎င်း၏ရပ်တည်ချက်ကို ဦးစွာ ဥရောပ၊ အမေရိကန်တို့နှင့် ညှိနှိုင်းမည်ဖြစ်ပြီး ယင်းနောက် ယူကရိန်း၊ အမေရိကန်နှင့် ရုရှား သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယူကရိန်း၏ အဓိကဦးစားပေးအချက်မှာ “ရန်လိုသောလှုပ်ရှားမှုများကို ရပ်ဆိုင်းရန်” ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် Russia Today ၏ နိုဝင်ဘာ ၁၀ ရက် သတင်းဖော်ပြချက်အရ ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲကာလအတွင်း သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် စုပေါင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ဘက်စုံ၊ ထောင့်စုံ အဖြေတစ်ခုရရှိပြီးနောက်မှသာလျှင် အကာအကွယ်အာမခံချက်ပေးရေးအစီအမံများ အသက်ဝင်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မော်စကိုတွင် ပြောကြားခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ၎င်းက ရုရှားအနေဖြင့် ထရမ့်အစိုးရအပေါ် “မျှော်လင့်ချက်ကြီးကြီး မထားရှိ” ကြောင်း၊ အမေရိကန်အနေဖြင့် ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက် ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
新一轮俄美乌三方会谈在阿布扎比开始举行
新华社阿布扎比11月10日电(记者温新年 王昊)新一轮俄罗斯、美国和乌克兰三方会谈10日在阿联酋首都阿布扎比开始举行,探讨推动乌克兰危机政治解决的途径。
这是今年2月谈判陷入停滞以来,三方时隔9个月重启面对面磋商。
俄方代表团由俄总统助理梅金斯基率领,成员包括外交部副部长里亚布科夫、加卢津和武装力量总参谋部情报总局局长科斯秋科夫等。乌方代表团成员包括对外情报局局长乌梅罗夫、总统办公室主任布达诺夫、国防部情报总局副局长斯基比茨基以及人民公仆党议会党团主席阿拉哈米亚等。美方代表包括美国总统特使威特科夫和特朗普总统的女婿库什纳。阿联酋代表同时与会。
据俄罗斯媒体报道,梅金斯基用俄语在会谈现场发表讲话说,希望阿布扎比会谈能够推动和平进程,造福俄罗斯和乌克兰两国人民。库什纳表示,希望各方进行富有成效的“开放对话”,促成俄罗斯、欧洲和乌克兰之间建立新的安全架构。
乌梅罗夫当天在社交媒体上说,阿布扎比会谈分为两个阶段,第一阶段由乌方与欧美等协调立场,随后举行乌克兰、美国、俄罗斯三方会谈,乌方关键优先事项是“停止敌对行动”。
另据今日俄罗斯10日报道,俄罗斯外长拉夫罗夫在莫斯科表示,相关方将在俄美乌三方会谈期间讨论保障集体安全问题,保障措施将在达成全面彻底的解决方案后生效。他同时说,俄罗斯对特朗普政府“不抱幻想”,希望美国有决心继续对话。(完)
图说:这张视频截图显示的是11月10日在阿布扎比举行的新一轮俄美乌三方会谈现场。新华社发