ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက် ၉ လမှ ၅၉ လအတွင်းရှိ ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက သာယာ အေးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
အဆိုပါ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် အားပေးကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သာယာအေး ရပ်ကွက်အတွင်းရှိ ကလေးငယ် ၂၆၅ ဦးတို့အား ထပ်ဆောင်းကာကွယ် ဆေးများ ထိုးနှံပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၃ ရက် အထိ ကလေးငယ် ရည်မှန်းဦးရေ ၁၈၆၈ ဦးတို့အား ရပ်ကွက်အလိုက် သတ်မှတ်ဆေးထိုးစုရပ်များတွင် ကွင်းဆင်းထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)