မိုင်းဖြတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေးနှင့် တာဝန်ရှိသူများသည် မြို့နယ်အတွင်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ချင်းဆက်လမ်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) နှင့် တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၁၃၅ ဒသမ ၇၂၁ သန်းဖြင့် ဆောင်ရွက်သည့် ဝမ်မိုင်ပါပူးလမ်း ကတ္တရာခင်းခြင်း (၀/၂.၅)မိုင်နှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၃၂ သန်းဖြင့် မိုင်းဖြတ်-ပါညုလမ်း ကွန်ကရစ်ခင်းခြင်း (၀/၁.၃)မိုင် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)