
ရွှေညောင်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၂ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တာယောချောင်းရေလျှံမှုကြောင့် မင်္ဂလာရွှေဗဟိုရပ်ကွက်နှင့် ရတနာရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ရွှေညောင်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ရေဝင်ရောက်နေသောနေအိမ်များမှ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်းတွင် ညောင်ရွှေမြို့ အဝင်အနီး လမ်းမပေါ် ရေကြီးနေမှု၊ ညောင်ရွှေမြို့လမ်းမအချို့ကားလမ်းပေါ် ရေကျော်နေမှုများ နှင့် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း ရွှေညောင်မြို့ပေါ်တွင် ကားဆိုင်ကယ်များ၊ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရှိမှု မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ (Xinhua)