Xinhua Myanmar

WTA Finals တင်းနစ်ပြိုင်ပွဲတွင် ဆာဘလန်ကာ နိုင်ပွဲဖြင့် စတင်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

Indian Wells Tennis Garden တင်းနစ်အားကစားကွင်း၌ နိုဝင်ဘာ ၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် WTA Finals တင်းနစ်ပြိုင်ပွဲ အုပ်စု-၂ အဖွင့်ပွဲစဉ်တွင် ဂရင်းစလင်းချန်ပီယံဆု ၄ ဆုရှင် အရီနာ ဆာဘလန်ကာက ကာရိုလီနာ မူခိုဗာကို ၇-၆ (၂)၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပွဲတွင် ဆာဘလန်ကာက ပွဲသိမ်းရမှတ်ယူနိုင်မည့် အခွင့်အရေးနှစ်ကြိမ်ကို အသုံးမချနိုင်ခဲ့သဖြင့် ပွဲပိုဆက်လက်ကစားခဲ့ရသော်လည်း နောက်ပိုင်းတွင် အခက်အခဲ ကြီးကြီးမားမားမရှိဘဲ မူခိုဗာ၏ လက်သင့်ရိုက်ချက် လွဲချော်မှုကို အခွင့်ကောင်းယူကာ ပထမပွဲကို အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲတွင်လည်း အဆိုပါ ဘီလာရုစ်တင်းနစ်မယ်က ၎င်း၏စပေးဘောအလှည့်တွင် အမှတ်ယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၂ နာရီနီးပါးအတွင်း ပွဲသိမ်းအနိုင်ရလဒ် ရယူနိုင်ခဲ့သည်။

"အခုနှစ် အင်ဒီယန်ဝဲလ်စ်မှာ ပြိုင်ပွဲဝင်ရတဲ့ အခြေအနေအရပ်ရပ်က ကျွန်မအတွက် သိပ်ကိုအဆင်ပြေတယ်လို့ ခံစားမိတယ်။ ဒါကြောင့် အဲဒီအချက်က WTA Finals မှာ ကျွန်မအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ဒီပြိုင်ပွဲကို ပုံမှန်ပြိုင်ပွဲတစ်ခုလိုပဲ သဘောထားပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ" ဟု ဆာဘလန်ကာက ပြောကြားခဲ့ကြောင်း WTA ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

"ဒါပေမဲ့ ပတ်လည်ယှဉ်ပြိုင်ရတဲ့အဆင့်မှာ ကျွန်မယှဉ်ပြိုင်ရမယ့် ပွဲစဉ်တိုင်းကို အနိုင်ရအောင်ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ လက်ရှိယှဉ်ပြိုင်နေတဲ့ ပွဲအပေါ်မှာ ရမှတ်တစ်မှတ်ချင်းစီအတွက် အာရုံစိုက်ထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကိုထိန်းချုပ်နိုင်အောင် ကြိုးစားနေပါတယ်။ အဲဒါက လက်စွမ်းတည်ငြိမ်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်နိုင်တယ်လို့ ထင်ပါတယ်" ဟု ဆာဘလန်ကာက ပြောကြားခဲ့သည်။

ဆာဘလန်ကာမှာ ပတ်လည်ယှဉ်ပြိုင်ရမည့် အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မီရာ အန်ဒရေဗာနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ပြီး အန်ဒရေဗာမှာ အယ်လီနာ ဆဗစ်တိုလီနာကို ပွဲချိန်မိနစ် ၇၀ အတွင်း ၆-၄၊ ၆-၀ ဖြင့် အနိုင်ရရှိထားသူဖြစ်သည်။

"အမှန်အတိုင်းပြောရရင် ဒီရာသီမှာ ကမ္ဘာ့ထိပ်တန်း ၁၀ ဦး စာရင်းဝင် ကစားသမားတွေကို အနိုင်ရခဲ့တာ သိပ်မရှိခဲ့ဘူး။ နောက်ဆုံးမှာ နောက်ထပ်ထိပ်တန်းကစားသမား တစ်ယောက်ကို အနိုင်ရခဲ့လို့ အတိုင်းမသိဝမ်းသာပါတယ်" ဟု အသက် ၁၉ နှစ်အရွယ် အန်ဒရေဗာက သတင်းထောက်များကို ပြောကြားခဲ့သည်။

အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကောဟန်ယွိနှင့် ပြင်သစ်နိုင်ငံမှ ခရစ္စတီနာ မလာဒီနိုဗစ်တို့ အတွဲက Hsieh Su-Wei နှင့် ရယ်လ်လီနာ အော့စတာပင်ကိုတို့အတွဲကို ၃-၆၊ ၆-၁၊ ၁၂-၁၀ ဖြင့် အနိုင်ရခဲ့သည်။

အခြားနှစ်ယောက်တွဲ ပွဲစဉ်တစ်ပွဲတွင် တရုတ်နိုင်ငံမှ ကျန်းစွိုက်နှင့် အလိစ် မာတင်စ်တို့အတွဲက ဂါဘရီရယ်လာ ဒါဘရောစကီးနှင့် လူဝီဆာ စတက်ဖနီတို့အတွဲကို ၆-၃၊ ၇-၆ (၅) ဖြင့် ရှုံးနိမ့်ခဲ့သည်။ (Xinhua)

…………………………

(English Version)

Sabalenka takes opening win at WTA Finals

WASHINGTON, Nov. 9 (Xinhua) -- Four-time Grand Slam winner Aryna Sabalenka overcame Karolina Muchova 7-6 (2), 7-5 to win her Group 2 opener of the WTA Finals at the Indian Wells Tennis Garden on Monday.

Although Sabalenka squandered two set points and was forced into the tiebreak in the first set, she did not meet much challenge later on and capitalized on Muchova's forehand error to take the first set.

The Belarusian served out for the second set to win the match in under two hours.

"I feel like this year, Indian Wells overall because we're here, has been really good for me," Sabalenka was quoted as saying by the WTA official website. "So I really hope that this is going to help me at the Finals. I think just trying to take it as a normal tournament.

"But in the round robin, I'm just trying to win every match I play and at the same time trying to stay in the moment and focus on my game, on each point, and trying to stay calm and in control. So I guess that's probably, that's the secret to consistency."

Sabalenka will next meet Mirra Andreeva in the second match of the round-robin group stage after the latter defeated Elina Svitolina 6-4, 6-0 in 70 minutes.

"Honestly, I feel like I haven't had a lot of Top 10 wins this season. To have [another] one finally, it feels super nice," Andreeva, 19, told reporters.

China's Guo Hanyu partnered with Kristina Mladenovic of France to beat Hsieh Su-Wei and Jelena Ostapenko 3-6, 6-1, 12-10 in the doubles competition.

Elsewhere, China's Zhang Shuai and Elise Mertens lost to Gabriela Dabrowski and Luisa Stefani 6-3, 7-6 (5). ■

မူရင်းသတင်း — Xinhua Myanmar