Myanmar Transparency News

လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာ

ရောင်ဝါ
၁၂. ၁၁. ၂၀၂၆

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ထပ်မံသတ်မှတ်ကြေညာလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်မှာ ဒီဇင်ဘာ ၇ ရက်မှ စတင်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် နောက်ဆုံး တင်သွင်းနိုင်မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ဒီဇင်ဘာ ၂၁ ရက် နောက်ဆုံးထား ရုပ်သိမ်းနိုင်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်အထိ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News