Xinhua Myanmar

ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် နိုဝင်ဘာ ၁၁ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နှစ်နိုင်ငံ အကြီးအကဲများ အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်း နက်ရှိုင်းစွာဖလှယ်ခဲ့ကြရာ ဆက်သွယ်ဆွေးနွေးမှုမှာ တက်ကြွမှုနှင့် အပြုသဘောဆောင်မှု ရှိခဲ့သည်။

ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ စက်တင်ဘာလ အမေရိကန်ခရီးစဉ်သည် အဆင်ပြေချောမွေ့မှုနှင့် အောင်မြင်မှု ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများသည်  တရုတ်-အမေရိကန် ဆက်ဆံရေး၏ ဦးတည်ချက် အနေအထားသစ်၏ အနှစ်သာရကို ကြွယ်ဝအောင်   ဖြည့်တင်းရန် တစ်ပြေးညီ သဘောတူပြီး တရုတ်-အမေရိကန် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို ရှာဖွေရန်အတွက် ပို၍ တိကျရှင်းလင်းသော မဟာဗျူဟာလမ်းညွှန်ချက်များကို ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး၏ တည်ငြိမ်မှု အရှိန်အဟုန်သည် ခဲယဉ်းစွာရရှိထားခြင်းဖြစ်ရာ နိုင်ငံကြီး နှစ်နိုင်ငံ၏ ကိုယ်စီ ဘုံအကျိုးစီးပွား ရှုထောင့်မှ ဓမ္မဓိဋ္ဌာန်ကျစွာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒမှာ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ရှိမှုကို ထိန်းသိမ်းထားကြောင်း၊ အမေရိကန်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်၊ ကွဲလွဲမှုများနှင့် အကဲဆတ်သည့်ကိစ္စရပ်များကို ကောင်းမွန်သင့်လျော်စွာ စီမံခန့်ခွဲရန်၊ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကောင်းမွန်စွာ ကျင်းပနိုင်ရေး အပြန်အလှန် ထောက်ခံအားပေးရန်၊ အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိရောက်စွာ လက်တွေ့ ဖော်ဆောင်နိုင်ရေး တွန်းအားပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------

(Chinese Version)

王毅同美国国务卿鲁比奥通电话

新华社北京11月11日电 中共中央政治局委员、外交部长王毅11日同美国国务卿鲁比奥通电话。双方就中美关系及两国元首互动深入交换意见,通话是积极和建设性的。   

王毅表示,习近平主席9月访美顺利、成功,两国元首一致同意丰富中美关系新定位的内涵,为探索中美正确相处之道提供了更加明确的战略指引。中美关系稳定势头来之不易,是两个大国从各自和共同利益出发作出的理性选择。中国对美政策保持稳定性和连续性,愿同美方加强沟通合作,妥善处理分歧和敏感问题,相互支持办好2026年亚太经合组织领导人非正式会议和二十国集团领导人峰会,推动中美建设性战略稳定关系落地见效。(完)

图说:7月22日,中共中央政治局委员、外交部长王毅在马尼拉会见美国国务卿鲁比奥。 新华社记者 李萌 摄

မူရင်းသတင်း — Xinhua Myanmar