
ဒိုဟာ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသူ ကျန်းယွဲ့ယွဲ့သည် နိုဝင်ဘာ ၁၀ ရက်က ဒိုဟာတွင် ကျင်းပခဲ့သော ISSF ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသမီး ၂၅ မီတာ ပစ္စတို ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိရာ ၎င်းအနေဖြင့် ၂၀၂၈ လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် ပါဝင်ယှဉ်ပြိုင်ခွင့်တစ်နေရာ ရယူနိုင်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံမှ အိုလံပစ်ချန်ပီယံ Yang Ji-in သည် ပစ်မှတ်ထိမှန်မှု ၄၄ ကြိမ်ဖြင့် စံချိန်သစ်တင်ကာ ကမ္ဘာ့ချန်ပီယံဆုကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။ Yang Ji-in သည် ပစ်မှတ်ထိမှန်မှု ၄၃ ကြိမ်နှင့် ငွေတံဆိပ်ရခဲ့သော ဗီယက်နမ်နိုင်ငံမှ Trinh Thu Vinh ကို နှာတစ်ဖျားအသာဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ကျန်းက ပစ်မှတ်ထိမှန်မှု ၃၄ ကြိမ်ဖြင့် တတိယနေရာရခဲ့ခြင်းဖြစ်သည်။
အသက် ၂၀ နှစ်အရွယ် ကျန်း သည် ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲယှဥ်ပြိုင်ရာတွင် ရမှတ် ၅၈၉ မှတ်ဖြင့် စတုတ္ထနေရာရရှိခဲ့သည်။ ကျန်း သည် အမြန်ပစ်ခတ်စဥ်တွင် ရမှတ်၃၀၀ အနက် ၂၉၉ မှတ်ကို အထင်ကြီးဖွယ်ကောင်းလောက်အောင် ရယူနိုင်ခဲ့ပြီး အမျိုးသမီး ၈ ဦးပါဝင်သော နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
နောက်ဆုံးအဆင့်ဗိုလ်လုပွဲသည် ပုံမှန်ထက်အလွန်ကြာမြင့်ခဲ့ပြီး ရမှတ်တူများအား ခွဲခြားနိုင်ရန် အနိုင်အရှုံးဆုံးဖြတ်ပွဲစဥ် shoot-offs ၃ ကြိမ်အထိ ပြုလုပ်ခဲ့ရသလို ၅ ချက်ပစ်ပွဲစဥ် ၈ ခုအထိ အပိုဆောင်းပစ်ခတ်ခဲ့ရသည်။ ထို့ကြောင့် ပုံမှန်ဗိုလ်လုပွဲတစ်ခုတွင် ပွဲစဥ် ၁၀ ခုသာ ပါဝင်မှုနဲ့ နှိုင်းယှဉ်လျင် အလွန်ကြာမြင့်ခဲ့ခြင်းဖြစ်ပါသည်။
ပြိုင်ပွဲအလယ်ပိုင်းတွင် ကျန်း အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲမှ ထွက်ခွာရနိုင်သည့် အခြေအနေမျိုးကြုံတွေ့ရကာ ၃ ဦးယှဉ်ပြိုင်ရသော shoot-offs ကို ၂ ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ခဲ့ရသည်။
ပြိုင်ပွဲဝင်ခြောက်ဦးကျန်ရှိနေချိန်တွင် ဆက်လက်ယှဥ်ပြိုင်နိုင်ရန် နောက်ထပ်ပစ်ခတ်မှု ၃ ကျော့ လိုအပ်ခဲ့ပြီး နောက်ဆုံး ပစ်မှတ် ၅ ခုစလုံးကို ထိမှန်အောင်ပစ်ကာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် နောက်တစ်ဆင့်ကို တက်နိုင်ခဲ့သည်။ ပြိုင်ပွဲဝင်ငါးဦးကျန်ရှိနေချိန်တွင်လည်း နောက်ထပ် အနိုင်အရှုံးအဆုံးအဖြတ်တစ်ခု ထပ်မံဖြစ်ခဲ့ရာ ထိုအဆင့်တွင် ကျန်း သည် အစပိုင်း၌ တည်ငြိမ်မှုမရှိခဲ့သော်လည်း၊ နောက်ဆက်တွဲ ပစ်ခတ်မှု ၅ ကြိမ်အနက် ၄ ကြိမ် ထိမှန်အောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့သည်။
ပြိုင်ပွဲဝင်လေးဦးကျန်ရှိပြီး အိုလံပစ်ဝင်ခွင့် ၃ နေရာသာ ရရှိမည့်အခြေအနေတွင် နောက်ဆုံးဆုတံဆိပ် နေရာအတွက် ကျန်း သည် အိန္ဒိယနိုင်ငံမှ Manu Bhaker နှင့် ပစ်မှတ်ထိမှန်မှု ၂၄ ကြိမ်စီ တူညီနေခဲ့သည်။
ဖိအားများကြားမှ ကျန်း သည် ၅ ချက်စလုံးထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး Bhaker မှာ ၃ ချက်သာ ထိမှန်ခဲ့သည်။ ဤရလဒ်ကြောင့် Zhang သည် ကြေးတံဆိပ်ကိုရပြီး တရုတ်နိုင်ငံအတွက် အိုလံပစ်ဝင်ခွင့်နေရာတစ်နေရာကို ရယူနိုင်ခဲ့သည်။ ထို့နောက် ကျန်း သည် နောက်ထပ်ပစ်ခတ်မှုကိုလည်း ပြီးပြည့်စုံစွာလုပ်ဆောင်နိုင်ကာ ယှဥ်ပြိုင်မှုကို အဆုံးသတ်ခဲ့သည်။
"တရုတ်နိုင်ငံအတွက် အိုလံပစ်ဝင်ခွင့်နေရာရယူပေးနိုင်ခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်" ဟု ကျန်း က ပြောခဲ့ပြီး ယခုပြိုင်ပွဲ၏ "ကောင်းတဲ့ အတွေ့အကြုံရော၊ သိပ်မကောင်းတဲ့ အတွေ့အကြုံတွေကပါ" များစွာသင်ယူလေ့လာခွင့်ရခဲ့ကြောင်း ထပ်လောင်း ပြောခဲ့ပါတယ်။
ရွှေတံဆိပ်အတွက် ယှဉ်ပြိုင်မှုမှာလည်း အလွန်အကြိတ်အနယ်ရှိခဲ့သည်။ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုမစတင်မီ Trinh က ပြိုင်ဘက်ထက်(၁)မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း Yang က အကောင်းဆုံးပစ်ခတ်မှုများ ပြုလုပ်ပြီး ပြိုင်ဘက်ကို ကျော်တက်ကာ ကမ္ဘာ့စံချိန်သစ်တစ်ခုကိုပါ တင်နိုင်ခဲ့သည်။ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ကလည်း အိုလံပစ်ပြိုင်ပွဲဝင်ခွင့် နေရာတစ်နေရာစီကို ရရှိခဲ့ကြသည်။
အသင်းလိုက်ပြိုင်ပွဲတွင် အိန္ဒိယက ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့က အစဉ်အလိုက်ရပ်တည်ကာ တရုတ်က စတုတ္ထနေရာနှင့်သာ အဆုံးသတ်ခဲ့ရသည်။
တရုတ်နိုင်ငံသည် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၆ ခု နှင့် ကြေးတံဆိပ် ၇ ခု ရရှိထားပြီး ဆုတံဆိပ်ရရှိမှု ဇယားကို ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ ဤချန်ပီယံရှစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး အမျိုးသား ရိုင်ဖယ် မီတာ ၅၀ ပုံစံသုံးမျိုးပစ်ခတ်နည်းဗိုလ်လုပွဲယှဥ်ပြိုင်မှုများ ပါဝင်မည် ဖြစ်သည်။ (Xinhua)
…………………
(English version)
China's Zhang Yueyue clinches LA28 shooting quota with world championships bronze
DOHA, Nov. 10 (Xinhua) -- China's Zhang Yueyue survived a series of tense shoot-offs to claim bronze in the women's 25m pistol event at the ISSF World Championships here on Tuesday, securing an Olympic quota place for China at the Los Angeles 2028 Games.
South Korea's Olympic champion Yang Ji-in successfully defended her world title with a world record of 44 hits, edging Vietnam's Trinh Thu Vinh, who took silver with 43. Zhang finished third with 34 hits.
Competing at her first World Championships, the 20-year-old Zhang placed fourth in qualification with 589 points, including an impressive 299 out of 300 in the rapid-fire stage, to reach the eight-woman final.
The final proved unusually lengthy, with three shoot-offs requiring eight additional five-shot series to separate tied competitors, compared with just 10 series in a regulation final.
Zhang struggled midway through the contest and twice found herself in three-way shoot-offs with elimination looming.
With six shooters remaining, she needed three extra series to survive, eventually advancing with a perfect five-hit series. Another shoot-off followed with five competitors left, where Zhang recovered from a shaky start by hitting four of her next five shots.
With four shooters remaining and only three Olympic quota places available, Zhang and India's Manu Bhaker were tied on 24 hits in a battle for the final podium spot.
Under pressure, Zhang delivered a perfect five-hit series, while Bhaker managed only three, sealing the bronze medal and China's Olympic quota place. Zhang then finished with another perfect series.
"I'm very honored to have secured an Olympic quota place for China," Zhang said, adding that she had learned a great deal from the competition, "both from the good and the not-so-good experiences."
The battle for gold was equally dramatic. Trinh held a one-hit lead heading into the final series, but Yang produced a perfect finish to overtake her rival and set a world record. South Korea and Vietnam also secured an Olympic quota place each.
In the team event, India took gold, followed by South Korea and Vietnam, while China finished fourth.
China led the medal standings with 13 gold, six silver and seven bronze medals. The championships continue on Wednesday with the men's 50m rifle three positions final. ■