Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ




တာမွေ၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ  သဘာဝ ဓာတ်ငွေ့သုံး စီးတီးတက္ကစီယာဉ်များအား ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်းသို့  ‌ဝင်ရောက်မှတ်ပုံတင်နိုင်ရေးနှင့် CNG စတေကာကပ်ခြင်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအား YBS ယာဉ်လိုင်းကုမ္ပဏီ များမှ ‌YBS ခရီးသည်တင်ယာဉ်များ စနစ်တကျ ပြေးဆွဲပေး‌နေမှု၊ YBS ခရီးသည်တင်ယာဉ်များပေါ်တွင် တပ်ဆင်ထားသော ယာဉ်စီးခပေးချေသည့် YPS ကတ်ဖြတ်စနစ်အား ခရီးသွားပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှုနှင့် စည်းကမ်း ဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား ထိရောက်စွာအရေးယူဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသေး စိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသောမီဒီယာများက သိရှိလိုသည်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်း ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )၏ ဝန်ဆောင်မှုလုပ်ငန်း များနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင် 

#News #Myanmar


မူရင်းသတင်း — Myanmar National Post