Xinhua Myanmar

LA28 အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲတွင် တရုတ်အသင်းက မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် တရုတ်အသင်းနှင့် မြောက်ကိုရီးယား (DPRK) အသင်း တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၄ ခုနှစ် AFC အမျိုးသမီး အိုလံပစ်ပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ (အာရှဇုန်ခြေစစ်ပွဲ ဒုတိယအကျော့) အုပ်စုဘီပွဲစဉ်အတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် တရုတ်အသင်းမှ ဝူရစ်ကူမာလား (အလယ်ရှေ့) ကို တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲတွင် တရုတ်အသင်းအနေဖြင့် မြောက်ကိုရီးယား (DPRK)၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်အသင်းတို့နှင့်အတူ အုပ်စုဘီတွင် မဲနှိုက်ရွေးချယ်ခံရကြောင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က နိုဝင်ဘာ ၁၂ ရက်၌ ကြေညာခဲ့သည်။

ပြိုင်ပွဲပုံစံသစ်အရ ၂၀၂၆ ခုနှစ် AFC အမျိုးသမီး အာရှဖလားပြိုင်ပွဲမှ ထိပ်ဆုံးအသင်း ၈ သင်းသည် ၂၀၂၇ ခုနှစ် ဧပြီ ၁၉ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပမည့် အိုလံပစ်ခြေစစ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါအသင်းများကို အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ဖီဖာအဆင့်သတ်မှတ်ချက်များအပေါ် အခြေခံ၍ အုပ်စု လေးခု ခွဲခြားသတ်မှတ်ထားသည်။

အသင်း ရှစ်သင်းကို လေးသင်းစီပါဝင်သော အုပ်စုနှစ်ခုအဖြစ် ခွဲခြားထားပြီး အုပ်စုတစ်ခုချင်းစီတွင် အုပ်စုအဆင့် အိမ်ကွင်း/အဝေးကွင်း ပွဲစဉ် ၆ ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ အနိုင်ရရှိသည့်အသင်းသည် ၂၀၂၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲသို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အုပ်စုအေတွင် ဂျပန်၊ ဩစတြေးလျ၊ တရုတ်ထိုင်ပေနှင့် ဥဇဘက်ကစ္စတန်တို့ ပါဝင်သည်။

အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်း အရေအတွက်ကို ၁၂ သင်းမှ ၁၆ သင်းအထိ တိုးမြှင့်လိုက်သည့်အတွက် အုပ်စု နှစ်ခုမှ ဒုတိယနေရာရရှိသည့် အသင်းများသည် ၂၀၂၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၄ ရက်တို့တွင် အိမ်ကွင်း/အဝေးကွင်းအကျော့ဖြင့် playoff ကစားရမည်ဖြစ်သည်။ အဆိုပါပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းအနေဖြင့် ၂၀၂၅ ခုနှစ် Copa America Femenina ပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့သည့် အာဂျင်တီးနားအသင်းနှင့် အင်တာကွန်တီနင်တယ် playoff ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် တရုတ်အသင်းနှင့် မြောက်ကိုရီးယား (DPRK) အသင်း တို့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၄ ခုနှစ် AFC အမျိုးသမီး အိုလံပစ်ပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ (အာရှဇုန်ခြေစစ်ပွဲ ဒုတိယအကျော့) အုပ်စုဘီပွဲစဉ်အတွင်း ဂိုးရရှိမှုအတွက် အောင်ပွဲခံနေသည့် တရုတ်အသင်းမှ အသင်းသားများကို တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

China to face DPRK, S. Korea and Philippines in LA28 women's football Asian qualifiers

KUALA LUMPUR, Nov. 12 (Xinhua) -- China has been drawn in Group B alongside the Democratic People's Republic of Korea (DPRK), South Korea and the Philippines in the Asian qualifiers for the Los Angeles 2028 Olympic women's football tournament, the Asian Football Confederation (AFC) announced on Thursday.

Under the new format, the top eight teams from the 2026 AFC Women's Asian Cup will compete in the Olympic qualifiers from April 19 to Dec. 4, 2027. The teams were seeded into four pots based on the FIFA rankings released in October.

The eight teams were drawn into two groups of four, with each group playing a home-and-away round-robin competition over six matchdays. The winner of each group will qualify directly for the 2028 Olympic Games. Group A features Japan, Australia, Chinese Taipei and Uzbekistan.

With the women's Olympic football tournament expanding from 12 to 16 teams, the two group runners-up will meet in a two-legged playoff on Feb. 28 and March 4, 2028. The winner will advance to an intercontinental playoff against Argentina, which finished third at the 2025 Copa America Femenina. ■

Photo caption 1: Wurigumula (front C) of China competes during the AFC Women's Olympic Qualification Tournament 2024 (Asian Qualifiers Round 2) Group B match between China and Democratic People's Republic of Korea (DPRK) in Xiamen, southeast China's Fujian Province, Oct. 26, 2023. (Xinhua/Wei Peiquan)

Photo caption 2: Players of China celebrate scoring during the AFC Women's Olympic Qualification Tournament 2024 (Asian Qualifiers Round 2) Group B match between China and Democratic People's Republic of Korea (DPRK) in Xiamen, southeast China's Fujian Province, Oct. 26, 2023. (Xinhua/Wei Peiquan)

မူရင်းသတင်း — Xinhua Myanmar